ဒါရင်ဘန့် တောင်းဆိုမှုကြောင့် လူမျိုးရေးခွဲခြားမှု စစ်ဆေးမည်

alt

စနေနေ့က ဆန်ဒလဲန်းနှင့် ဝီဂန်းတို့ ကန်သောပွဲစဉ်၌ ၁ – ၀ နှင့် အနိုင်ရခဲ့သော ဆန်ဒါလဲန်း တိုက်စစ်မှူး ဒါရင်ဘန့်မှာ သူ့အမေနှင့် ပါတ်သက်သော လူမျိုးရေး ခွဲခြားမှုများအား

Black Cats ဆန်ဒါလဲန်း ပရိသတ်မှ သူ၏ တွီတာ အင်တာနက် စာမျက်နှာတွင် လာရောက် လုပ်ဆောင်ခဲ့သည်ဟု ယိုးစွပ်လိုက်သည်။

ဒါရင်ဘန့်၏ တွီတာ အင်တာနက် စာမျက်နှာတွင် သူ့အမေနှင့် ပါတ်သက်သော လူမျိုးရေးခွဲခြားမှု လာရောက် ရေးသားထားသဖြင့် လက်မခံနိုင် ဖြစ်ကာ တိုင်ကြား၍ ယခုပြဿနာ ဖြစ်လာရသည်။ ဆန်ဒါလဲန်းအသင် း/ ပရိသတ်နှင့် မည်သို့ မည်ပုံ ပါတ်သက်နေသည်ကို နော့သ်တမ်ဘရီယာ ရဲတပ်ဖွဲ့မှ အတိအကျ စုံစမ်းသွားမည်ဟု ဆန်ဒါလဲန်း ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးမှ ဘီဘီသို့ ပြောကြားလိုက်သည်။

ဒီလို အမူအကျင့် မျိုးတွေ ကျမတို့ရဲ့ ဘော်လုံး ကလပ်အသင်းမှာ လုံးဝ လက်သင့် မခံနိုင်ပါဖူးဟု ပြောဆိုသွားခဲ့သည်။ ထိုကိစ္စနှင့် ပါတ်သ်ပြီး စုံစမ်း စစ်ဆေးရာတွင် မျက်မြင်သက်သေများ ပူးပေါင်းပါဝင်ကြဖို့ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှလည်း ထပ်ဆင့်နိုးဆော် ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here