HIV ကူးစက်မှု နှုန်းထား တရုတ်နိုင်ငံဖက်သို့ အရှိန်မြှင့် ဦးတည်နေ

alt

တရုတ် နိုင်ငံတွင် လိင်တူ၊ လိင်မတူ နှင့် အခြားသော ပုံသဏ္ဍာန်များဖြင့် ရရှိ လာသော AIDS ရောဂါမှာ လျှင်မြန်စွာ ပြန့်နှံ့နေသည်ဟု ကမာ္ဘ့ ကုလသမဂ္ဂ သို့ တင်ပြသော စာတမ်းတွင် ဖေါ်ပြ ထားသည်။

ယင်း စာတမ်းတွင် ဖေါ်ပြထားသော အချက်အလက် များအရ အိတ်ချ်အိုင်ဗီ ကူးစက်ရောဂါအား ၄၀ ရာခိုင်နှုန်းမှာ လိင်တူ/ လိင်ကွဲ ဆက်ဆံခြင်းမှ ဖြစ်ပြီး၊ ၃၂ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုမှာ ဖြစ်သည်ဟု တရုတ် အစိုးရထံမှ လာသော အချက်အလက် များအရ သိရှိရသည်။

အင်္ဂါနေ့က ရှန်ဟိုင်း အခြေစိုက် UNAIDS မှပြောကြား လိုက်သည်မှာ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း လိင်ဆက်ဆံခြင်းမှ ၃ဆမြင့်တက်လာသည်ဟု ပြောကြားလိုက်ပြီး ကူးစက်မှု သဘော သဘာဝမှာ အာဖရိကမှ အာရှတိုက်သို့ ရွှေ့ပြောင်းလာသည့် သဘောဟု UNAIDS ဒါရိုက်တာ မီရှဲလ်ဆိုက်ဒီဘီ ပြောကြားလိုက်သည်။

ယခင်အပါတ် ဗုဒ္ဓဟူးနေ့က တရုတ်ကျန်းမာရေး ဝန်ကြီးဋ္ဌာန အဆောက်အဦးရှေ့တွင် ဟိုင်နန်ကျွန်းမှ လာ၍ ဆန္ဒပြနေသော အေအိုင်ဒီအက်စ် ဝေဒနာသည် ၃၀အား ခေတ္တယာယီ ဖမ်းဆီးလိုက်သည်။ ထို အထိမ်းသိမ်းခံ HIV/AIDS ဝေဒနာသည် အများစုမှာ ဟိုင်နန်ဆေးရုံမှ သွေးသွင်းယင်း ကူးစက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

တရုတ်ပြည်တွင် သွေးအရောင်းအဝယ် ဈေးကွက်မှာ ကြီးမားစွာ ဖြစ်ထွန်းလျှက်ရှိပြီး ထိုဈေးကွက်မှ အန္တရာယ်ရှိသော သွေးများ ပြန့်ပွားလျှက်ရှိသည်ဟု ကျန်းမာရေးဋ္ဌာန အကြံပေး ဂျီယန်တန်ယောင်းမှ ပြောဆိုလိုက်သည်။

တရုတ်ကျန်းမာရေး ဝန်ကြီး ချန်ဇူးမှ ယခင် အောက်တိုဘာလ အကုန်တွင် ပြောကြားလိုက်သည်မှာ တရုတ်နိုင်ငံသည် ယခင်နှစ်က HIV-AIDS ဝေဒနာသည် ၂၆၄၃၀၂ ရှိနေရာမှ ၃၁၉၈၇၇ အထိမြင့်တက် လာပြီး၊ ယခု နှစ်ကုန်တွင် နိုင်ငံတွင်း ဝေဒနာသည်ပေါင်း ရ၄၀၀၀၀ အထိ ရှိနိုင်ကြောင်း ဝန်ခံလိုက်သည်။ UNAIDS ၏ သုတေသနပြု ထားချက်အရ တရုတ်နိုင်ငံ၏ လိင်ဆက်ဆံမှု အဆိုးအဝါးဆုံး အလေ့အထမှာ ၆၀ ရာခိုင်နှုန်း ကျော်မှာ လိင် ဆက်ဆံရာတွင် ကွန်ဒုံး မသုံးခြင်း ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here