အမေရိကန်ရှိ ထူးဆန်းမှု အပြည့်နှင့် သေမင်းတောင်ကြား

alt

အမေရိကန် နိုင်ငံရှိ သေမင်း တောင်ကြားသည် ထူးဆန်းမှုများနှင့် ပြည့်နှက် နေသော နေရာတခု ဆိုပါက မမှားချေဟု ဆိုကြသည်။ ယင်း ဒေသသည် ပင်လယ်ရေ မျက်နှာပြင်

အောက် (၂၈၂)ပေ နိမ့်ပြီး ကမာ္ဘ ပေါ်တွင် ဒုတိယမြောက် အပူချိန် အမြင့်ဆုံး နေရာဖြစ်ပြီး တစ္ဆေဆန်ဆန် လှုပ်ရှား သွားလာနေသည့် ကျောက်တုံး ကြီးများ တည်ရှိသည့် ဒေသလည်း ဖြစ်သည်။

အလွန် ကြီးမားသော ကျောက်တုံး ကြီးများ ညီညာပြန့်ပြူးပြီး မတ်စောက်မှု လုံးဝ မရှိသော မြေပြင်တွင် ရွေ့လျား နေခြင်းသည် သိပ္ပံပညာရပ် အတွက် စိန်ခေါ်မှု တခုသဖွယ် တည်ရှိနေသော မေးခွန်းလည်း ဖြစ်သည်။

အချို့သော ကျောက်တုံးကြီး များသည် (၁၇)စတုံ အထိ အလေးချိန်ရှိပြီး ရေပြင်ညီ အတိုင်း မျဉ်းဖြောင့် လမ်းကြောင်းဖြင့် ရွေ့လျားနေခြင်း ဖြစ်သည်။ ၎င်းတို့သည် တနှစ်လျှင် ကိုက်(၃၅၀)ခန့် အထိ ခရီးပေါက်အောင် ရွေ့လျား နေတတ်ကြောင်း သိရှိရသည်။

အသက် (၄၀)အရွယ် ဓာတ်ပုံဆရာ မိုက်ဘရိုင်ယန်သည် ယင်း ကျောက်တုံးကြီး များ၏ ရွေ့လျားမှုကို လပေါင်းများစွာ အချိန်ယူပြီး မှတ်တမ်း တင်ခဲ့သည်။ ပညာရှင်များက တနာရီ မိုင်(၉၀)နှုန်း တိုက်ခတ်တတ်သော လေပြင်း၊ အောက်ခံ မျက်နှာပြင်ရှိ လှိုင်းတွန့်များ ညဘက်တွင် လှုပ်ရှားမှုများ အပါအဝင် ယင်း ဒေသရှိ ထူးဆန်းသော ပတ်ဝန်းကျင် အခြေအနေ များက ကျောက်တုံးကြီး များကို တစ္ဆေဆန်ဆန် ရွေ့လျားစေရန် အကူအညီ ပေးနေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ထားသော်လည်း အတည်မပြု နိုင်သေးချေ။

ကိုယ်တိုင် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည့် ဘရိုင်ယန်က ရွေ့လျားနေသော ကျောက်တုံးကြီးများ အနက် အချို့သည် လူတဦးထက် ပိုလေးကြောင်း၊ တိမ်းစောင်းခြင်း မရှိသည့် မြေမျက်နှာပြင်တွင် တရွေ့ရွေ့ ခရီးနှင်နေခြင်းသည် အံ့ဩစရာရော၊ ခြောက်ခြား စရာပါကောင်းကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here