ကမာ္ဘ့ ကွာရှင်းစရိတ် အမြင့်ဆုံး ရရှိသည့် အမျိုးသမီး

alt

အီတလီ ၀န်ကြီးချုပ် ဆီဗီယို ဘာလူ စကိုနီ ၏ ဇနီးသည် ကမာ္ဘပေါ်တွင် ကွာရှင်းစရိတ် အမြင့်ဆုံး ရရှိသည့် အမျိုးသမီးတဦး ဖြစ်လာ စေရေး အတွက် ကြိုးပမ်းနေကြောင်း သိရှိ ရသည်။

မြှာ ပွေလွန်းသဖြင့် နာမည်ဆိုးတွင် နေသော ခင်ပွန်းသည်နှင့် ကွာရှင်းရန် ကြိုးပမ်းနေသည့် ဗရော်နီကာ လာရီယို သည် ခင်ပွန်းသည် ထံမှ လျော်ကြေး အဖြစ် တနှစ်လျှင် ပေါင်စတာလင် (၃၈)သန်း တောင်းခံနိုင်ရန် ပြင်ဆင်လျှက် ရှိသည်။

ထို ပမာဏအရ လာရီယို သည် ဘာလူစကိုနီ ထံမှ တလလျှင် ပေါင်စတာလင် (၃.၂)သန်း ရယူလိုသည့် သဘောဖြစ်သည်။ ဘာလူစကိုနီ ၏ ရှေ့နေကမူ ၀န်ကြီးချုပ်သည် လာရီယိုအား ပေါင်စတာလင် သန်း(၆၀)မျှ ပေးထားပြီး ဖြစ်သဖြင့် တလလျှင် ပေါင်(၂)သိန်းခွဲထက် ပိုမပေးလိုကြောင်း ပြောဆို စကားပစ်ထားပြီး ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး လာရီယို၏ အကျိုးဆောင် အဖွဲ့က တစုံတရာ အတည်ပြုခြင်း မရှိသေးပေ။ အီတလီ သတင်းစာ ကော်ရီယာ ဒယ်လာဆာရာ သည် ယင်းသတင်းကို ဖော်ပြခဲ့ပြီးနောက် ဘာလူစကိုနီ နှင့် သားသမီး(၃)ဦး ရရှိသော လာရီယို၏ တောင်းဆိုမှုမှာ ဒိုင်ယာနာ မင်းသမီးက ချားစ်မင်းသား အား တောင်းခံသော ကွာရှင်းစရိတ်ထက် ပိုမြင့်နေကြောင်း ရေးသားခဲ့ကြသည်။

အသက် (၇၃)နှစ်ရှိ ဘာလူစကိုနီသည် အီတလီ၏ အကြွယ်ဝဆုံး ဘီလျံနာ သူဌေးကြီး တဦးလည်းဖြစ်ပြီး မိန်းမကိစ္စနှင့် အလွန် နာမည်ကြီးနေသူ ဖြစ်သည်။ ၎င်းသည် အနည်းဆုံး အမျိုးသမီး (၄၀)ကို ယမန်နှစ် ဆောင်းရာသီအတွင်း တွင်ပင် တောင်ပိုင်းမြို့ တမြို့ ဘာရီ အနီးရှိ ၎င်း၏စံအိမ်သို့ ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သတင်းထွက်လျှက် ရှိသည်။

ဘာလူစကိုနီ၏ ရှေ့နေတဦးဖြစ်သူ အစ်ပိုလီတာ ဂီဒီနီက မိမိတို့ဘက်မှ လိုအပ်သော ကာကွယ်မှုတိုင်းကို ပြုလုပ်ထားမည် ဖြစ်ပြီး လာရီယို၏ တောင်းဆိုချက်သည် ကျိုးကြောင်း ဆီလျော်မှုမရှိဟု ယုံကြည်ကြောင်း ဝေဖန်ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here