နိုက်ဂျီးရီးယား သမ္မတ ကျန်းမာရေး မကောင်းသဖြင့် ဆော်ဒီတွင် ဆေးကုသမှုခံယူ

alt

နိုက်ဂျီးရီးယား သမ္မတ အူမာရူယာ အဒူအာ သည် နှလုံးကျန်းမာရေး အခြေအနေ အတွက် ဆော်ဒီအာရေဗျ တွင် ဆေးကုသမှု ခံနေရကြောင်း အစိုးရအဖွဲ့က ပထဆုံးအကြိမ် ၀န်ခံ လိုက်သည်။

မူလက သမ္မတ၏ ကျန်းမာရေး အခြေအနေ အလွန် ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုက်ဂျီးရီးယား တရားရေး ဌာနဝန်ကြီး မိုက်ကယ် အွန်ဒွိုက်ကာ က အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

သို့သော်လည်း နိုဝင်ဘာ (၂၆)ရက် နေ့ကမူ သမ္မတသည် ဆော်ဒီနိုင်ငံ၊ ဂျဒါးမြို့ရှိ ဆေးရုံတွင် ကုသမှု ခံယူလျက်ရှိကြောင်း အွန်ဒွိုက်ကာ က ပြောကြားခဲ့သည်။ အွန်ဒွိုက်ကာသည် ယခင်က သမ္မတမှာ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းသာ ဖြစ်ကြောင်း ပြောကြား ခဲ့ဖူးသေးသည်။

သမ္မတသည် ကုသမှု ခံယူပြီးနောက် အပြည့်အဝ ပြန်လည် ကျန်းမာလာမည် ဖြစ်ကြောင်း၊ အခြားသော ကောလဟာလ များကို နိုက်ဂျီးရီးယား ပြည်သူများ နားမယောင် စေလိုကြောင်း အွန်ဒွိုက်ကာက ပြောကြားခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံတွင် သမ္မတ အဒူအာ သည် အသက်ဘေးနှင့် အလွန်နီးသည် အထိ ရောဂါပြင်းထန် နေကြောင်း သတင်း ပျံ့နှံ့နေခဲ့သည်။

အွန်ဒွိုက်ကာ က သမ္မတသည် ကုသမှု ခံယူပြီးနောက် ဆော်ဒီတွင် ကျင်းပနေသည့် Haj ပွဲတော်သို့ တက်ရောက်ကာ ၀တ်ပြုဆုတောင်းမှု ပြုလုပ်ရန်ပင် စီစဉ်ထားကြောင်း ပြောကြားထားသည်။ တရားရေး ၀န်ကြီးသည် နိုက်ဂျီးရီးယား သမ္မတ ဆေးရုံ တက်ရခြင်းကို အတည်ပြု ခဲ့သော်လည်း ရောဂါအခြေအနေနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားရန် ငြင်းဆိုသွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here