နိုင်ငံတကာ ပညာရေးပွဲတော် ကျင်းပမည်

alt

မြန်မာ နိုင်ငံသည် နိုင်ငံတကာ ပညာရေး ပွဲတော်တခုကို ကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရှိ ရသည်။ Crown ပညာရေး ၀န်ဆောင် မှု ဌာနက စီစဉ် ကျင်းပပေးသည့် ယင်း ပွဲတော်သည် မြန်မာကျောင်းသား

များ၏ ပညာရေးကဏ္ဍ တိုးတက် မြင့်မားမှု အတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်ထားသည်။

ထိုပွဲတော်ကို နိုဝင်ဘာ (၂၈)နှင့် (၂၉)ရက် နေ့များတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ကျင်းပသွားမည် ဖြစ်သည်။ ထိုပွဲတော်သို့ အင်္ဂလန်၊ ဩစတြေးလျ၊ အမေရိကန်၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံမှ ကျောင်းပေါင်း(၂၀) တို့က ပူးပေါင်း ပါ၀င်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရသည် ပညာရေးကဏ္ဍ မြှင့်တင်ရေး နှစ်(၃၀) ကာလရှည် စီမံကိန်းတခုကို ချမှတ်ထားပြီး ယခုအခါ ဒုတိယ (၅)နှစ်တာ ကာလ၏ စတုတ္ထနှစ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ မြန်မာ့ပညာရေး အာဏာပိုင်များသည် နိုင်ငံသားတိုင်း စာတတ်မြောက်ရေး စီမံကိန်းကို အကောင်အထည် ဖော်နေရာ အောင်မြင်မှုများ ရရှိနေကြောင်း သိရှိရသည်။

အစိုးရ စစ်တမ်းများအရ ယခုနှစ် အတွင်း မြန်မာနိုင်ငံတွင် အခြေခံကျောင်းပေါင်း (၄၀၆၇၉) ကျောင်းအထိ ရှိလာပြီး ကျောင်းသားဦးရေ (၈.၀၇)သန်း အထိ တိုးပွားလာကြောင်း သိရသည်။ ကျောင်းများတွင် သင်ကြားပို့ချနေသော ဆရာ၊ ဆရာမ ဦးရေသည် (၂၆၆၀၀၀) ထိရှိပြီး ယမန်နှစ် အတွင်း အထက်တန်း ပညာရေးအဆင့် သင်ကြားနိုင်ရန် သင်တန်းတက်နေသော ဆရာဆရာမ အရေအတွက်မှာ (၂၄၀၀၀) ကျော်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here