ဂျာမနီစစ်တပ် ထောက်လှမ်းရေး အကြီးအကဲ ရာထူးမှ ဖယ်ရှားခံရ

alt

ဂျာမန် စစ်တပ်သည် နိုဝင်ဘာ (၂၆)ရက် နေ့က ၎င်းတို့၏ စစ်ဖက် ဆိုင်ရာ ထောက်လှမ်းရေး အကြီးအကဲ ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဗိုလ်ချုပ် ၀ုဖ်ဂန်း ရှနေဒါဟမ်း သည် စက်တင်ဘာလ အတွင်းက ဂျာမန် လေကြောင်း ထိုးစစ်တခုအား အာဖဂန် နစ္စတန် တွင် ပြုလုပ်ခဲ့ရာ မှားယွင်း သော သတင်းပေးပို့မှုများ ပြုလုပ် ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးသစ် ကားသီဒေါဇူး ဂက်တင်ဘက်က သတင်းထောက် များအား ပြောဆိုခဲ့သည်။

ထို တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ အာဖဂန်ပြည်သူ အမြောက်အမြား သေဆုံးခဲ့သည်။ ဂျာမန် သတင်းဌာန များက ၎င်းတို့ စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အာဖဂန်ပြည်သူများ သေဆုံးနေရပုံ မှတ်တမ်း ဗီဒီယိုများကို ထုတ်လွှင့်ပြသ ပြီးနောက် ဂျာမန်ပြည်သူ များ၏ ဝေဖန်မှုများ မြင့်တက် လာချိန်တွင် ရှနေဒါဟမ်းမှာ ရာထူးမှ ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်များ ပေါ်ပေါက်လာစဉ်က တာဝန်ယူထားသည့် ကာကွယ်ရေးဝန်ကြီး ဖရန့်ဂျိုဆက်ဂျွန်း လက်ထက်ကမူ ယင်းကိစ္စများကို တွင်တွင် ငြင်းဆန်နေခဲ့သည်။ ရှနေဒါဟမ်းသည် တာလီဘန် စစ်သွေးကြွများ ဖြတ်သန်းနေကြောင်း သတင်း ပေးပို့မှုကြောင့် NATO စစ်လေယာဉ်များသည် ဆီတင်ယာဉ်ကြီး နှစ်စင်းနှင့် စစ်သွေးကြွများအား ဦးတည် တိုက်ခိုက်ခဲ့ရာ တာလီဘန် (၆၉)ဦး သေဆုံးခဲ့သော်လည်း အနီးအနားရှိ အာဖဂန်ပြည်သူ (၃၀)ကျော်လည်း သေဆုံး သွားခဲ့သည်။

စစ်တပ်က ရှနေဒါဟမ်း သတင်းပို့စဉ်က ပတ်ဝန်းကျင်တွင် အရပ်သားများ ရှိနေကြောင်း မဖော်ပြခဲ့ဟု ဆိုသည်။ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ် က ယခုကဲ့သို့ တိကျသေချာခြင်း မရှိသည့် သတင်းပေးပို့မှုကြောင့် အပြစ်မဲ့ ပြည်သူများ အလဟဿ သေကြေရခြင်းသည် လက်ခံနိုင်စရာ မရှိသော မှားယွင်းမှုဟု ပြင်းပြင်းထန်ထန် ဝေဖန်သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here