အခြားကမ္ဘာမှ သက်ရှိများ လူသားများထဲတွင် ရောနှော ရောက်ရှိနေဟုဆို

alt

ဂြိုဟ်သားများနှင့် ပတ်သက်၍ လူအများက စိတ်ဝင်တစား ရှိကြသော်လည်း အမှန်အားဖြင့် မထူးဆန်း လှကြောင်း၊ အခြားကမာ္ဘမှ သက်ရှိများသည် မိမိတို့ လူသားများထဲတွင် ရောနှော ရောက်ရှိနေပြီး ဖြစ်ကြောင်း

ဘူဂေးရီးယား အစိုးရ၏ သိပ္ပံပညာရှင် များက ပြောကြားလိုက်သည်။

ဘူဂေးရီးယား အာကာသ သုတေသန ပညာရေးဌာနမှ သုတေသီ များက ၎င်းတို့သည် ဂြိုဟ်သားများနှင့် ဆက်သွယ် ချိတ်ဆက်မှု ပြုလုပ်နိုင်ကြောင်း ကြေညာခဲ့သည်။ ထိုသို့ ဆက်သွယ်ရာတွင် ရှုပ်ထွေး နက်နဲသော သင်္ကေတ များဖြင့် ဆက်သွယ်ရကြောင်း ယင်းဌာန၏ ဒုတိယ ဒါရိုက်တာ လာချီဇာဖီလီပေါ့ က ပြောကြားသွားသည်။

ဂြိုဟ်သား များသည် မိမိတို့နှင့် အနီးဆုံး ပတ်ဝန်းကျင်တွင် ရှိနေပြီး အချိန်တိုင်း လူသားများကို စောင့်ကြည့်နေကြောင်း ဖီလီပေါ့ က ဆိုသည်။ ၎င်းတို့သည် မိမိတို့အား တိုက်ခိုက်လိုစိတ် မရှိဘဲ ကူညီရန်သာ ဆန္ဒရှိကြကြောင်း၊ သို့သော်လည်း လူသားများ အနေနှင့် ယင်းတို့အား တိုက်ရိုက် ဆက်ဆံနိုင်ရေး အတွက် ယခုထက် မြင့်မားသော စွမ်းရည်များ လိုအပ်နေကြောင်း ဖီလီပေါ့က ပြောကြား သွားခဲ့သည်။

ဖီလီပေါ့က ဆက်လက်၍ ကက်သလစ် ဘုရားကျောင်းများ အပြင် ဗာတီကန် နန်းတော် အတွင်းတွင်ပင် ဂြိုဟ်သားများ ရောက်ရှိ နေနိုင်ကြောင်း ပြောဆို ခဲ့သေးသည်။ ဂြိုဟ်သားများကို ရေဒီယိုလှိုင်းများဖြင့် ဆက်သွယ်နိုင်ရန် မိမိတို့ ကြိုးစားနေကြောင်း၊ သို့သော်လည်း ၎င်းတို့ချင်း အမှန်တကယ် ဆက်သွယ်သည့် နည်းလမ်းမှာ စိတ်ချင်းသာ ဖြစ်ကြောင်း ဖီလီပေါ့က ၀န်ခံခဲ့သည်။

ထို့အပြင် လာမည့်(၁၀)နှစ်မှ (၁၅)နှစ် အတွင်း လူသားများသည် စကြာဝဠာတိုက် အတွင်းရှိ အခြားကမာ္ဘမှ သက်ရှိများနှင့် ဆက်သွယ်မှုများ စတင်ပြုလုပ် လာနိုင်တော့မည်ဟု မိမိတို့ ယုံကြည်ထားကြောင်း ဖီလီပေါ့က Novinite သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here