မလေးရှားတွင် အမျိုးသမီးများအား အကြမ်းဖက်မှု နှင့် မုဒိမ်းမှု ဆက်လက် များပြားနေဆဲ

alt

မလေးရှား နိုင်ငံအတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု များနှင့် မုဒိမ်းမှု များမှာ ဆက်လက် များပြားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်း သတင်းစာ The Star က အစိုးရ

အနေနှင့် အမျိုးသမီး များ၏ ဘဝလုံခြံု အေးချမ်းစေရေး အတွက် ဆောင်ရွက် ပေးနေသည့်တိုင် အမျိုးသမီး ထုသည် ဆိုးရွားသော အခြေအနေ များနှင့် တွေ့ကြံုနေရဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမျိုးသမီး များနှင့် မိသားစု၊ လူ့ အဖွဲ့အစည်း ဆိုင်ရာ ဖွံ့ဖြိုးရေး ၀န်ကြီး ချူမီဖန်၏ နိုင်ငံအတွင်း အမျိုးသမီးများ အတွက် ဘဝလုံခြံုရေး အာမခံချက် နည်းပါး နေသေးကြောင်း အဆိုကို ကိုးကားပြီး The Star က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသမီး များသည် လိင်ခွဲခြားမှုနှင့် ဆင်းရဲ ကြပ်တည်းမှု များကိုလည်း တွေ့ကြံု ခံစားနေရကြောင်း ၀န်ကြီးက အတည်ပြု ပြောဆိုခဲ့သည်။ The Star သည် မလေးရှား ရဲဌာန၏ စာရင်းများကိုပါ လေ့လာခဲ့ပြီး (၂၀၀၆) ခုနှစ်တွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှာ (၃၂၆၄)ခု ရှိခဲ့ရာမှ (၂၀၀၈) ခုနှစ်တွင် (၃၇၆၉)ခု အထိ တိုးပွားလာခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် ယခုနှစ် ဇွန်လအထိ မလေးရှားတွင် အမျိုးသမီးများအား အကြမ်းဖက်မှု (၁၈၂၀)ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မလေးရှား အမျိုးသမီးထု၏ ဆင်းရဲ ကြပ်တည်းမှု အခြေအနေသည် နိုင်ငံတကာထက် များစွာ နိမ့်ကျနေပြီး ဘာသာရေးနှင့် လူမှုရေးအရ ဖိနှိပ်မှုများ ရှိနေကြောင်းလည်း ချူက ၀န်ခံခဲ့သည်။

ချူက ၀န်ကြီးဌာန အနေနှင့် နိုင်ငံအတွင်း အမျိုးသမီးများ၏ အခွင့်အရေး နိမ့်ကျနေမှု ကဏ္ဍ အသီးသီးကို လေ့လာ စောင့်ကြည့်ပြီး မြှင့်တင်မှုများ ပြုလုပ်သွားရန် အစီအစဉ် ရေးဆွဲနေကြောင်းလည်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here