ဆစ်ဒနီမြို့ နာရီစင်ပေါ် တက်ပြီး သောင်းကျန်းခဲ့သည့် စုံတွဲ

alt

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ နာရီ မျှော်စင်ကြီး ပေါ်သို့ တက်ကာ လူမြင်ကွင်းတွင် လိင် ဆက်ဆံခဲ့သည့် လူငယ်စုံတွဲနှင့် ပတ်သက်ပြီး မြို့ခံများက စိတ်ဝင်စား နေကြကြောင်း သိရှိ ရသည်။

နိုဝင်ဘာ (၂၀)ရက် နေ့က ဆစ်ဒနီ မျှော်စင်ပေါ်တွင် အဝတ်အစား မကပ် ဘဲ ဖြစ်ချင်တိုင်း ဖြစ်နေသည့် စုံတွဲ ကြောင့် မြို့ခံ လူများက မျှော်စင် အောက်မှ လှမ်းမျှော်ကြည့်ရှု ကြသလို Daily Telegraph သတင်းစာ ကလည်း ယင်းစုံတွဲ၏ ပုံကို အဝေးမှ လှမ်းပြီး ဓာတ်ပုံရိုက်ကာ ပုံနှိပ်ဖော်ပြ ခဲ့ကြသည်။

ထိုသတင်းသည် ကမာ္ဘနှင့်တဝှမ်း ပျံ့နှံ့ သွားပြီးနောက် ထိုစုံတွဲမှာ မည်သူတွေ ဖြစ်ကြောင်း လူစိတ်ဝင်စားမှု မြင့်တက် လာခဲ့သည်။ ထိုနေ့က အနီးအနားရှိ တက္ကသိုလ် တခုမှ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ ပြီးဆုံး သည့် အထိမ်းအမှတ် ပျော်ပွဲဆင်နွှဲများ ဆင်နွှဲနေကြရာ သတင်းများက ယင်းတို့သည် ကျောင်းသားများ (သို့မဟုတ်) နာရီစင် အနီးရှိ ယူနီလော့ တိုက်ခန်းတွဲမှ နေထိုင်သူများ ဖြစ်နိုင်ကြောင်း ခန့်မှန်း ထားကြသည်။

Daily Telegraph သို့ အမျိုးသားတဦးက ယင်းစုံတွဲတွင် တွေ့ရသည့် အမျိုးသားမှာ ၎င်းပင်ဖြစ်ကြောင်း ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခဲ့ပြီး ၎င်းသည် ဆစ်ဒနီ တက္ကသိုလ်မှ ကျောင်းသားတဦး ဖြစ်ကြောင်း၊ ဆစ်ဒနီရှိ ဘရော့ဝေး စင်တာတွင် အဝတ်အစား ၀ယ်စဉ် အမျိုးသမီးတဦးနှင့် တွေ့ခဲ့ပြီးနောက် ထိုနာရီစင်ပေါ် တက်ကာ ချစ်ပွဲနွှဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းပို့ခဲ့သည်။

သို့သော်လည်း သတင်းစာက ယင်း၏ဓာတ်ပုံကို မရသေးဘဲ အတည် မပြုနိုင်ကြောင်း ပြောကြားထားသည်။ ထို့အပြင် သတင်းစာက တောင်းခံ ထားသည့် အမျိုးသမီးနှင့် အမျိုးသားတို့၏ Identity အမှန်နှင့် ပတ်သက်ပြီးလည်း အမျိုးမျိုးသော သတင်း ပေးပို့မှုများ ရောက်ရှိ လာနေဆဲ ဖြစ်သည်။

ဆစ်ဒနီ အုပ်ချုပ်ရေး အဖွဲ့ကမူ ၎င်းတို့သည် ယင်း အပြုအမူကို မနှစ်မြို့သော်လည်း မျှော်စင်အား ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း မဟုတ်သဖြင့် အရေးယူရန် အစီအစဉ် မရှိကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here