ဆော်ဒီတွင် မိုးသည်းထန် ရေကြီးသဖြင့် အနည်းဆုံး ၄၈ဦးသေဆုံး

alt

ဆော်ဒီအာရေဗျ တွင် မိုးသည်းထန်ပြီး ရေကြီးနေမှုကြောင့် အနည်းဆုံး လူ(၄၈)ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့ကြသည်။ နိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ရေကြီးမှု များကြောင့် ပင်လယ်နီ

ဆိပ်ကမ်းမြို့ ဂျဒါး နှင့် အနီးဝန်းကျင် ဒေသများတွင် လူများကို အရေးပေါ် ရွှေ့ပြောင်း ပေးနေရပြီး လမ်းများ၊ တူးမြောင်း များတွင်လည်း ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ကယ်ဆယ်ရေး တပ်ဖွဲ့များသည် အနည်းဆုံး လူပေါင်း (၉၀၀)ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ဂျဒါး တမြို့တည်းတွင်ပင် သေဆုံးသူ (၄၄)ဦးရှိကြောင်း သိရသည်။ ကျန်(၄)ဦးမှာ ဂျဒါးအနီးရှိ ဘာသာရေး အထွတ်အမြတ် နယ်မြေ မက္ကာမှဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့ကြသည်။

ဆော်ဒီ ရုပ်မြင်သံကြား ဌာနများသည် ဂျဒါးရှိ လမ်းများပေါ်တွင် မော်တော်ကားများ နစ်မြုပ်နေပုံနှင့် တူးမြောင်းများ အတွင်းမှ အရှိန်ပြင်းစွာ ရေများ စီးဆင်းနေပုံတို့ကို ထုတ်လွှင့်ပြသခဲ့သည်။ ဆော်ဒီ အစိုးရသည် နိုဝင်ဘာ (၂၅)ရက်နေ့ ရေကြီးမှုများကြောင့် ဘာသာရေးအရ ၀တ်ပြုရန် မက္ကာသို့ ရောက်နေသည့် ကမာ္ဘအရပ်ရပ်မှ မွတ်ဆလင် ဘာသာဝင် (၂.၅)သန်း အတွက် အကြီးအကျယ် စိုးရိမ်လျှက်ရှိကြောင်း ၀န်ခံ ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here