ဗြိတိန် နှင့် အမေရိကားတွင် အောင်ပွဲခံနေသည့် Twlight ဇာတ်ကားသစ်

alt

Twilight ဇါတ်ကား၏ အဆက် ဖြစ်သော New Moon ဇာတ်ကားသည် စတင် ရုံတင်သည်နှင့် ဗြိတိန်နှင့် အမေရိကားတွင် အောင်ပွဲ ခံနေ ကြောင်း သိရှိရသည်။ အဖွင့်နေ့တွင် ဒေါ်လာ (၁၁.၆)သန်းကျော် ရရှိပြီး

နောက် နာမည်ကျော် စိတ်ကူးယဉ် ဇာတ်ကား 2012 ကို New Moon က သက်သောင့် သက်သာ ကျော်ဖြတ် သွားတော့သည်။

ရောဘတ် ပက်တင်ဆန် နှင့် ခရစ်စတီယန် စတီးဝပ် တို့ ခေါင်းဆောင် ပါ၀င်သည့် New Moon သည် ပြီးခဲ့သည့်နှစ်က ရုံတင်ခဲ့သော Twilight ၏ အောင်မြင်မှု အရှိန်ကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ခံနေ ခဲ့ရသည်။

Twilight ၏ တတိယဇာတ်ကား Eclipse သည် နောက်နှစ်လယ်တွင် ရုံတင်ဖွယ် ရှိကြောင်းလည်း သိရသည်။ New Moon သည် ဗြိတိန်၏ ရုံဝင်ခ အများဆုံး ဇာတ်ကား စာရင်းတွင် ထိပ်ဆုံးသို့ ရောက်လာပြီးနောက် 2012 မှာ ဒုတိယ နေရာသို့ ရောက်သွားပြီး တတိယ နေရာတွင်မူ A Christmas Carol က တည်ရှိနေကြောင်း သိရသည်။

ယခု သီတင်းပါတ် အတွင်း ဗြိတိန်၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိသည့် ဇာတ်ကား (၁၀)ခု စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

1. The Twilight Saga: New Moon – £11,683,158

2. 2012 – £3,496,202

3. A Christmas Carol – £2,224,044

4. Harry Brown – £724,627

5. Up – £642,134

6. Fantastic Mr Fox – £454,088

7. The Men Who Stare At Goats – £430,319

8. A Serious Man – £321,114

9. The Fourth Kind – £181,105

10. The Informant! – £179,612

LEAVE A REPLY

Please enter your comment!
Please enter your name here