နာဂစ် ဒုက္ခသည်များစွာ နေအိမ်များ လိုအပ်နေဆဲ

alt

မြန်မာနိုင်ငံမှ နာဂစ် ဆိုင်ကလုန်း ဒဏ်သင့် ပြည်သူ ထောင်ပေါင်း များစွာသည် နေအိမ်များ လိုအပ်နေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြား လိုက်သည်။ နိုဝင်ဘာ (၂၄)ရက်နေ့ ကြေညာချက်အရ

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ လေဘေးသင့် ပြည်သူ အနည်းဆုံး (၁၄၀၀၀၀) သည် မုန်တိုင်းကြီး ဖြတ်သန်း တိုက်ခတ်ပြီး (၁၈)လမျှ ကြာမြင့် လာချိန်ထိ နေစရာ မရှိသေးကြောင်း သိရှိရသည်။

နိုင်ငံတကာက မုန်တိုင်းသင့် ပြည်သူများအတွက် နေအိမ်ပေါင်း (၁၇၈၀၀) မျှနှင့် ကျောင်းပေါင်း (၄၀)မျှကို ဆောက်လုပ်နိုင်ရန် ဒေါ်လာ(၈၈)သန်း လှူဒါန်းရန်နှင့် လူ(၁)သန်းခန့် အတွက် လူနေမှုဘဝ မြှင့်တင်ရေး စီမံကိန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေသော်လည်း လိုအပ်သည့် ပမာဏကို မရရှိသေးကြောင်း ကုလသမဂ္ဂက ၀န်ခံခဲ့သည်။

ကုလသမဂ္ဂ၏ ဖော်ပြချက်အရ မြန်မာမိသားစု (၁၇၈၀၀၀) ခန့်သည် နေအိမ် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။ ယင်းမိသားစု အတော်များများသည် အဖီလေးများ၊ ယာယီ တဲလေးများထိုးကာ ဖြစ်သလိုနေထိုင် ကြရဆဲဖြစ်သည်။ ၎င်းတို့အနက် အများစုသည် ထောက်ပံ့ရေး ပစ္စည်းများကို လုံးဝမရရှိ ခဲ့ကြောင်းလည်း ကုလသမဂ္ဂက ဆိုသည်။

မြန်မာနိုင်ငံ အတွင်းသို့ ပြီးခဲ့သည့်နှစ် မေလက ၀င်ရောက် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးအတွင်း အနည်းဆုံး လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံးပြီး နေအိမ်စုစုပေါင်း (၄၅၀၀၀၀)ကို ပျက်စီးစေကာ လူပေါင်း (၂.၄)သန်းကို အတိဒုက္ခ ရောက်စေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here