Facebook သုံးပြီး ကျောင်းသားငယ်ကို ဖြားယောင်းခဲ့သည့် ဆရာမ ထောင်ဒဏ် ချမှတ်ခံရ

alt

Facebook မှတဆင့် ဆုံဆည်းခဲ့သော အသက် (၁၅)နှစ် အရွယ် တပည့် ဟောင်း တဦးအား သွေးဆောင် ဖြားယောင်းကာ လိင် ဆက်ဆံခဲ့သည့် ဗြိတိသျှ ဆရာမအား ထောင်ဒဏ် (၂)နှစ်နီးပါး

ချမှတ်လိုက်ကြောင်း သိရှိရသည်။

အသက် (၃၉)နှစ် အရွယ် မက်ဒလင်း မာတင် သည် အမည်ဖော်ပြခြင်း မရှိသော အဆိုပါ ကျောင်းသားလေးနှင့် Facebook တွင် အချိန်းအချက် ပြုလုပ်ကာ ကား ပါကင်ထဲတွင် ကားရပ်ပြီး ကား နောက်ခန်းတွင် တကြိမ်၊ တပည့်ဟောင်း၏ ဦးလေး နေအိမ်တွင် တကြိမ် လိင် ဆက်ဆံ ခဲ့ကြောင်း ရဲများက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဘာသာရေး သင်တန်းဆရာမ တဦး ဖြစ်သည့် မက်ဒလင်း သည် အိမ်ထောင် နှင့် ကလေး (၂)ဦးရှိသူ လည်း ဖြစ်သည်။ မက်ဒလင်းသည် သူမ သွေးဆောင် ထားသည့် ချာတိတ်လေး၏ လက်မောင်းတွင် သူမအမည်ကို ရေးထိုးရန်ပင် တိုက်တွန်း ခဲ့သေးသည်။

မန်ချက်စတာ တော်ဝင် တရားရုံးသည် ထိုအမှုကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မက်ဒလင်းသည် အသက် (၁၆)နှစ်အောက် ကလေးငယ်နှင့် လိင် ဆက်ဆံခဲ့ကြောင်း ပြစ်မှု ထင်ရှားသဖြင့် ယခု သီတင်းပါတ် အတွင်း ထောင်ဒဏ် (၃၂)လ ချမှတ်လိုက်ပြီ ဖြစ်သည်။

မက်ဒလင်းသည် တပည့်ဟောင်းနှင့် Facebook တွင် ပြန်လည် ဆုံတွေ့ပြီးနောက် ဆက်သွယ်ရန် မိုဘိုင်းဖုန်း တလုံးကိုပင် ပေးထားခဲ့ကြောင်း အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။ နိုဝင်ဘာ (၂၄)ရက် နေ့က ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသော မက်ဒလင်း၏ ပြဿနာသည် ဝေဖန်မှုများ ခံနေရသည့် ဗြိတိန် ပညာရေးလောကကို အဆိုးဆုံး အနေအထား အထိ တွန်းပို့ လိုက်သည်။

မက်ဒလင်းသည် ဇန်နဝါရီလအတွင်း တပည့်ဟောင်းနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူမသည် ဖေဖော်ဝါရီ (၉)ရက် နေ့က ကား ပါကင်ထဲတွင် လိင် ဆက်ဆံနေစဉ် အစောင့်တဦးက တွေ့ရှိပြီး ထိုသို့မပြုရန် ပန်ကြားခဲ့သဖြင့် ထွက်ခွာလာခဲ့ရပြီး နောက်နှစ်ရက်တွင် မက်ဟုသာ တရားရုံးက အမည်ဖော်ပြသည့် တပည့်ဟောင်း၏ ဦးလေးအိမ်တွင် မည်သူမျှ မရှိစဉ် တကြိမ် တွေ့ဆုံခဲ့ကြသည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး မက်ဒလင်း၏ ခင်ပွန်းကလည်း သူမအား ကွာရှင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း လန်ဒန် သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here