ရှုံးနိမ့်ခဲ့ရသည့် အတွက် လူငယ် ကစားသမားများအား ဖာဂူဆန် အပြစ်မတင်

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်း ပွဲစဉ်တွင် တူရကီ ကလပ် ဘီဆစ်တက် ကို အရေးနိမ့် ခဲ့သည့်အတွက် မိမိ၏ လူငယ် ကစားသမားများကို အပြစ်

မတင် လိုကြောင်း ပြောကြား လိုက်သည်။

ယူနိုက်တက် သည် ထိုပွဲ မတိုင်မီ ကတည်းက နောက်တဆင့်ကို တက်ရောက် ခဲ့ပြီးဖြစ်ရာ ဖာဂူဆန်သည် အသင်းမှ အဓိက ကစားသမား များကို အနားပေးပြီး လူငယ်များနှင့် ပွဲထွက်ယှဉ်ပြိုင် စေခဲ့သည်။

ထိုပွဲတွင် ဘီဆစ်တက် မှ ရိုဒရီဂိုတယ်လို က ကိုက်(၃၀) အကွာမှ ကန်သွင်းသော ဘောလုံးကို အင်္ဂလန် ဂိုးသမား ဘန်ဖော်စတာ က မကာကွယ် နိုင်ဘဲ ဂိုးပေးခဲ့ရသည်။

ယူနိုက်တက် သည် ပထမပိုင်း (၁၉)မိနစ် ကတည်းက ပေးခဲ့ရသည့် ဦးဆောင်ဂိုးကို ချေပနိုင်ရန် အသည်းအသန် ကြိုးပမ်းခဲ့သော်လည်း ရိုဒရီ ဂိုမာချေဒါ၊ ဒန်နီ ၀ဲဘတ် တို့ကဲ့သို့ လူငယ်လေးများ၏ အတွေ့အကြံု နုနယ်မှုကြောင့် မအောင်မြင်ဘဲ အိမ်ကွင်းတွင် အရေးနိမ့် ခဲ့ရသည်။ ဖာဂူဆန်က လူငယ်များ အနေနှင့် အတွေ့အကြံု နည်းပါးချိန်တွင် အမှားအယွင်း များနေသည်ကို နားလည်ပေးကြောင်း၊ ထို အခြေအနေသည် သဘာဝ အတိုင်းဖြစ်ပြီး အရှုံးမှ သင်ခန်းစာ ယူနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခု အရှုံးကြောင့် ဖာဂူဆန်၏ အသင်းသည် (၂၀၀၅) ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း အိမ်ကွင်းတွင် ချန်ပီယံလိဂ် ပွဲစဉ်များ၌ အရှုံး မရှိခဲ့သော စံချိန်သည်လည်း ပျက်ပြယ် သွားခဲ့သည်။ ထို့အပြင် လွန်ခဲ့သော (၈)နှစ်တာ ကာလအတွင်း ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်း ပွဲစဉ်များတွင် ယူနိုက်တက် အနေနှင့် တကြိမ်မှ မရှုံးခဲ့သော မှတ်တမ်းသည်လည်း ယခုပွဲ အရှုံးကြောင့် အဆုံးသတ် သွားပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here