အမေရိကန် စီးပွားရေး နလံထူမှု နှေးကွေးနေဆဲ

alt

ကမာ္ဘ့ စီးပွားပျက်ကပ် နောက်ပိုင်း အမေရိကန်၏ စီးပွားရေး နလံထူမှုသည် နှေးကွေးနေဆဲ ဖြစ်သည်။ အမေရိကန် နိုင်ငံ၏ စီးပွားရေး ပြန်လည် ထူထောင်မှု နှုန်းသည် (၂၀၀၉)ခုနှစ် တတိယ (၃) လပါတ်တွင် (၂.၈) ရာခိုင်နှုန်းသာ

ရှိနေခဲ့သည်။

ယင်း ပမာဏသည် အောက်တိုဘာ (၂၉)ရက် နေ့တွင် ကုန်ဆုံးမည့် တတိယ (၃)လပါတ် အတွက် အစိုးရက ကြိုတင် ခန့်မှန်းထားသည့် တိုးတက်မှုနှုန်း (၃.၅) ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက (၀.၇) ရာခိုင်နှုန်း ပိုမို နည်းပါသည်။

ယခု အခြေအနေ အရ အမေရိကန်၏ ယိုယွင်းသွားသော စီးပွားရေး အခြေခံ အုတ်မြစ်ကို ခိုင်မာအောင် ပြန်လည် ထူထောင်ရန် အချိန်ယူရမည် ဖြစ်ကြောင်း ဖော်ပြလျှက် ရှိနေသည်။ တတိယ (၃)လပါတ် အတွင်း အမေရိကန် ပြည်သူများ၏ ငွေကြေးသုံးစွဲမှု လျှော့ပေါ့ လာခြင်းကလည်း တိုင်းပြည်စီးပွားရေး တိုးတက်မှုကို နှောင့်နှေး သွားစေခဲ့သည်။

ငွေသုံးစွဲမှု နည်းပါးသွားခြင်းက ကုန်သွယ်မှု ကဏ္ဍတွင် ဖိအားများ ရှိလာစေကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။ ထို့အပြင် တိုင်းပြည်၏ GDP တန်ဖိုးအမှန်မှာ အမေရိကန် အလုပ်သမားများနှင့် တိုင်းပြည်အတွင်း တည်ရှိသော ပိုင်ဆိုင်မှု အဝဝက ထုတ်လုပ် ပေးထားသည့် ထုတ်ကုန် များတွင်သာ မူတည်နေပြီး အစိုးရ၏ စီးပွားရေး စီမံကိန်းများက ကြီးကြီးမားမား သက်ရောက်ခြင်းမျိုး မရှိကြောင်း သိရှိရသည်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကိုယ်တိုင်ကလည်း (၂၀၀၉) ခုနှစ်သည် အမေရိကန်အတွက် အလုပ်လက်မဲ့ ပြဿနာ တိုးပွားလာခြင်း နှင့်အတူ အကြီးအကျယ် ရုန်းကန်နေရသည့် နှစ်တနှစ် ဖြစ်ကြောင်း ထုတ်ဖော် ၀န်ခံထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here