၂၀၀၈ ခုနှစ်အတွင်း AIDS ဖြင့် သေဆုံးရသူ အရေအတွက် ထုတ်ပြန်ကြေညာ

alt

၂၀၀၈ ခုနှစ်အတွင်း AIDS ရောဂါဖြင့် သေဆုံးခဲ့သော ကမာ္ဘ့ လူဦးရေမှာ (၂)သန်းကျော် အထိရှိကြောင်း ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ချုပ် (WHO) က ကြေညာခဲ့သည်။

နို၀င်ဘာ (၂၄)ရက် နေ့တွင် WHO က အတည်ပြု ထုတ်ပြန်ခဲ့သော စစ်တမ်း အရ (၂၀၀၈) တွင် HIV ရောဂါပိုး ကူးစက်မှုကို ခံရသည့် ဝေဒနာရှင် အသစ် (၂.၇)သန်း တိုးပွားလာကြောင်း သိရှိရသည်။

သို့သော်လည်း ယင်းပမာဏသည် လွန်ခဲ့သော နှစ်ပိုင်းနှင့် နိုင်းယှဉ်ပါက (၁၇) ရာခိုင်နှုန်း လျော့နည်းသွားခြင်း ဖြစ်သည်။ (၂၀၀၈) ခုနှစ် ကုန်ဆုံးချိန်ထိ ကမာ္ဘပေါ်တွင် HIV ပိုး ကူးစက်ခံရသူ အရေအတွက်မှာ (၃၃.၄) သန်းအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

HIVပိုး နောက်ထပ် ကူးစက်ခံရသူ စုစုပေါင်း၏ (၉၁) ရာခိုင်နှုန်းသည် အသက် (၁၅)နှစ်အောက် ကလေးငယ်များ ဖြစ်နေကြပြီး (၂၀၀၈)ခုနှစ် အတွင်း သေဆုံးခဲ့သူများ အနက် (၁.၄)သန်းသည် အာဖရိက ဒေသမှဖြစ်ကြောင်း WHO က ဖော်ပြထားသည်။ ထို့အပြင် ကမာ္ဘနှင့်တဝှမ်း HIV ရောဂါပိုး ကူးစက်ခံနေရပြီး ကုသမှုကို မခံရသူ လူနာအရေ အတွက်မှာ (၅၈) ရာခိုင်နှုန်းထိ ရှိနေသည်။

ထို့အပြင် ကမာ္ဘပေါ်ရှိ ၀င်ငွေအဆင့် နိမ့်ပါးသော နိုင်ငံများတွင် HIV ပိုး ကူးစက်ခံနေရသည့် ကလေးများအနက် (၃၈) ရာခိုင်နှုန်းသာ ဆေးဝါးကုသမှု ခံကြရသည်။ WHO ၏ စစ်တမ်းများအရ အာဖရိကတိုက်တွင် HIV ပိုးကူးစက်မှုနှင့် AIDS ရောဂါ ဖြစ်ပွားမှု အမြင့်မားဆုံး အဖြစ် ရှိနေပြီး အာရှတွင်မူ ရောဂါပျံ့နှံ့မှု သိသိသာသာ ကျဆင်းလာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here