အခြေချမှု အနှစ် ၄၀၀ပြည့် အခမ်းအနားသို့ ဗြိတိန် ဘုရင်မကြီး ဘာမြူဒါနိုင်ငံသို့ လာရောက်

alt

ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘက်(၂) သည် နိုဝင်ဘာ (၂၄)ရက် နေ့က ဘာမြူဒါ နိုင်ငံသို့ သွားရောက်ခဲ့ ကြောင်း သိရှိရသည်။ ယင်း ကျွန်းနိုင်ငံ တွင် ဗြိတိသျှ လူမျိုးများ စတင်အခြေချ နေထိုင်မှု နှစ်ပေါင်း ၄၀၀ ပြည့်

အခမ်းအနား သို့ ဘုရင်မကြီးက တက်ရောက်ရန် စီစဉ် ထားကြောင်း ခင်ပွန်းသည် အီဒင်ဘတ် မြို့စားက ပြောကြားခဲ့သည်။

ထိုနိုင်ငံတွွင် ဘုရင်မကြီး အနေနှင့် (၃)ရက်ကြာ နေထိုင်မည် ဖြစ်ပြီး ယဉ်ကျေးမှု ဖျော်ဖြေပွဲ များနှင့် ဘုရားကျောင်း များသို့ သွားရောက် ကြည့်ရှုမည်ဟု သိရှိရသည်။ မြို့စားကြီး နှင့် ဘုရင်မကြီးတို့ ဇနီးမောင်နှံသည် ထရီနီဒက်၊ တိုဘားဂိုး နိုင်ငံသို့လည်း သွားရောက်မည် ဖြစ်ပြီး ယင်းနိုင်ငံတွင် ကျင်းပမည့် ကမာ္ဘ့ ဓနသဟာယ နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် ရည်ရွယ် ထားသည်။

ဘုရင်မကြီးသည် ယင်း အခမ်းအနားကို ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ဓနသဟာယ နိုင်ငံ ခေါင်းဆောင်များနှင့် လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေ များကို ဆွေးနွေးသွားမည် ဖြစ်သည်။ ဘာမြူဒါ အစိုးရကမူ တော်ဝင် ဇနီးမောင်နှံတို့ ကြွရောက် ချီးမြှင့်မည့် နှစ်(၄၀၀)ပြည့် အခမ်းအနား အတွက် အလွန်ကျေနပ်ကြောင်း ပြောဆိုထားပြီး ဘုရင်မကြီး၏ ခရီးစဉ်သည် ဗြိတိန်နှင့် ဘာမြူဒါ နိုင်ငံများကြား ပိုမိုရင်းနှီး ခိုင်မာသော ဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း ကြေညာထားသည်။

ဘုရင်မကြီး ၏ ဘာမြူဒါသို့ အလည်အပတ် ခရီးစဉ်သည် (၅၆)နှစ် အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး (၁၉၅၃)ခုနှစ်၊ နိုဝင်ဘာ (၂၄)ရက်နေ့က ဘုရင်မကြီးသည် အတ္တလန္တစ် ကျွန်းနိုင်ငံသို့ တကြိမ် လာရောက်ဖူးသည်။

ဘုရင်မကြီးတို့ ဇနီးမောင်နှံ နှင့်အတူ ဗြိတိန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မဲဘန်းလည်း ဓနသဟာယ အစည်းအဝေး တက်ရောက်ရန် လိုက်ပါလာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here