ငလျင် ထောက်လှမ်းရေး အတွက် မြန်မာနိုင်ငံတွင် GPS စံနစ်တပ်ဆင် အသုံးပြုမည်

alt

ကမာ္ဘလုံးဆိုင်ရာ နေရာပြစံနစ် (GPS) ကို မြန်မာနိုင်ငံရှိ မြို့ကြီး (၄)မြို့တွင် ငလျင် ထောက်လှမ်းရေး ရည်ရွယ်ချက် ဖြင့် စတင်တပ်ဆင် အသုံးပြုသွားမည် ဖြစ်သည်။ ယခုနှစ် အကုန်တွင် စတင် မည့် GPS စံနစ်အတွက် စင်္ကာပူနိုင်ငံ

ကမာ္ဘမြေ လေ့လာရေး ဌာနက အကူ အညီများ ပေးသွားမည် ဖြစ်ပြီး ကျိုက်ထို ၊  ဝေါ ၊ ပဲခူး နှင့် တိုက်ကြီး တို့တွင် ဖြန့်ကျက် တပ်ဆင်မည်ဟု သိရသည်။

မြန်မာနိုင်ငံသည် (၁၉၇၀)ပြည့်လွန် နှစ်များ မတိုင်မီက နှစ်ပေါင်း (၁၆၈)နှစ် အတွင်း အင်အား ပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ခဲ့သည့် သာဓက ရှိခဲ့ဖူးသည်။ ယင်းတို့အနက် (၁၈၃၉)ခုနှစ် အင်းဝ-အမရပူရ ငလျင်သည် ပြင်းအား ရစ်ချ်တာစကေး (၈.၀) ရှိပြီး နိုင်ငံသမိုင်းတွင် အပြင်းထန်ဆုံး ဖြစ်သည်။

ထို့အပြင် သရက်၊ ပဲခူး၊ ဖြူး၊ တကောင်း၊ စစ်ကိုင်း နှင့် ပုဂံ တို့တွင်လည်း အလွန်ပြင်းထန်သော ငလျင်ကြီးများ လှုပ်ခဲ့ဖူးသည်။ (၂၀၀၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက် နေ့က အင်ဒိုနီးရှားတွင် လှုပ်ရှားခဲ့သည့် ကမာ္ဘကျော် ဆူနာမီ ငလျင်ကြီးအပြီး (၂၀၀၅)ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီ တခုကို တရားဝင် စတင်ဖွဲ့စည်းခဲ့ပြီး ဆူနာမီ ရေလှိုင်းများ ကာကွယ်ရေး သတိပေးနှိုးဆော်မှု စံနစ်များကိုလည်း အဆင့်မြှင့်တင် မွမ်းမံခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ၏ အာရှတိုက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်ကလည်း မြန်မာနိုင်ငံကို ဆူနာမီနှင့် အခြားသော သဘာဝ ဘေးအန္တရာယ် အခြေအနေ များအတွက် သတိပေးရေး စံနစ်များ ထောက်ပံ့ကူညီရန် ကတိပေး ထားသည်။ ယင်း ကော်မတီသည် နိုင်ငံအတွင်း ဆူနာမီအန္တရာယ် ကာကွယ်ရေး ပင်လယ် ရေမျက်နှာပြင်တိုင်း ကိရိယာ(၂)ခုကို တပ်ဆင် ပေးထားကြောင်းလည်း သိရှိရသည်။

ထို့အပြင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ကလည်း မြန်မာနိုင်ငံအတွင်း ငလျင် သတိပေး စံနစ်နှင့် Record စင်တာ တခုကို ဆောက်လုပ်ရေးအတွက် အကူအညီများ ပေးထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here