ဟဂျ် ပြုလုပ်ရန် အစ္စလာမ်ဘာသာဝင် ၂.၅သန်းကျော် ဆော်ဒီသို့ ရောက်ရှိနေ

alt

ယခုနှစ် ဘုရားဖူး ကာလတွင် မက္ကာသို့ ဟဂျ် ပြုလုပ်ရန် လာရောက်သော ကမာ္ဘ အရပ်ရပ်မှ အစ္စလာမ်ဘာသာ ၀င် အရေအတွက်သည် (၂.၅)သန်း ကျော် ရှိကြောင်း ဆော်ဒီအာရေဗျ လူဝင်မှု ကြီးကြပ်ရေး ဌာနက ပြောကြား

လိုက်သည်။

H1N1 တုပ်ကွေး ကူးစက်မှုကို စိုးရွံ့ သဖြင့် ယခုနှစ်အတွင်း ဘုရားဖူးခရီး သည် အရေအတွက် အတန်ငယ် ကျဆင်း သွားသော်လည်း တကမာ္ဘလုံးမှ အစ္စလာမ် ဘာသာဝင် အမြောက်အမြားသည် ဆော်ဒီသို့ ပုံမှန် ၀င်ရောက်လာကြဆဲ ဖြစ်သည်။

ပြီးခဲ့သည့် သတင်းပါတ်အတွင်း ဘုရားဖူး ခရီးသည် (၄)ဦးမျှ အနည်းဆုံး တုပ်ကွေးကြောင့် သေဆုံးကြောင်း ဆော်ဒီ ကျန်းမာရေးဌာနက ကြေညာ ခဲ့သော်လည်း တုပ်ကွေး ဟန့်တားရေးအတွက် ကြီးကြီးမားမား စီမံကိန်းများ ချမှတ်ထားခြင်း မရှိဟု ၀န်ခံ ပြောကြားခဲ့သည်။

ကျန်းမာရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာခါလက် မာဂလာနီ ကမူ ယခုလက်ရှိ အစီအစဉ်များဖြင့် တုပ်ကွေး ပျံ့နှံ့မှုကို တားဆီးနိုင်မည်ဟု ယုံကြည်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောကြားခဲ့သည်။ ကမာ္ဘတဝှမ်းမှ ကျန်းမာရေး အဖွဲ့အစည်း များကမူ လူသန်းနှင့်ချီ စုရုံးနေသော နေရာတွင် တုပ်ကွေး ကူးစက်ကာ ဘုရားဖူးများ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်သွားချိန်တွင် ရောဂါပိုးများ ပျံ့နှံ့သွားမည်ကို စိုးရိမ်လျှက် ရှိကြသည်။

ဟဂျ် ခရီးစဉ်သည် ကမာ္ဘအရပ်ရပ်ရှိ ငွေကြေးတတ်နိုင်သူ အစ္စလာမ် ဘာသာဝင်များအတွက် တသက်တွင် တကြိမ်မျှ သွားရောက် ရမည်ဟု ခံယူထားခြင်းကြောင့် ဆော်ဒီ အစိုးရကလည်း တုပ်ကွေးနှင့် ပတ်သက်ပြီး စိုးရိမ်သည့်တိုင် တားမြစ်မှုမျိုး မပြုလုပ်ထားချေ။ ဆော်ဒီ အစိုးရသည် နှစ်စဉ်နှစ်တိုင်း မက္ကာရှိ ဟဂျ် ခရီးစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရလေ့ရှိပြီး ယခုနှစ် ဟဂျ်ဘုရားဖူး ရာသီအတွက် လုံခြံုရေးဝန်ထမ်း တသိန်းကျော်ကို တပ်ဖြန့်ထားရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here