ဩစတြေးလျသို့ ခိုးဝင်မည့် ရာနှင့်ချီသော တရားမဝင် လုပ်သားများ သီရိလင်္ကာရေတပ် ကြားဖြတ် ဖမ်းဆီးထား

alt

ဩစတြေးလျ နိုင်ငံသို့ ဦးတည်နေသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သား (၁၄၂) ယောက် တင်ဆောင်လာသည့် ငါးပိုက် ဆွဲလှေ ၄စင်းကို သီရိလင်္ကာ ရေတပ်က ကြားဖြတ်ဖမ်းဆီး လိုက်သည်။

နိုဝင်ဘာ (၂၄)ရက် နေ့က ဖမ်းဆီး ရမိသည့် လှေ၄စင်းအား နိုင်ငံ တောင်ပိုင်း ကမ်းခြေအနီး တွေ့ရှိခဲ့ခြင်း ဟု ရေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အတူလာ ဆန်နာရတ် က ပြောကြား လိုက်ခြင်း ဖြစ်သည်။

ယင်း စက်လှေများသည် ရွှေ့ပြောင်း အလုပ်သမားများ ထံမှ ငွေကြေး တနင့်တပိုး တောင်းခံကာ ပြည်ပသို့ ခိုးပို့ပေးနေခြင်း ဖြစ်ကြောင်း အတူလာ က ဆိုသည်။ ယခုအခါ လှေနှစ်စင်းကို ဂါလီဆိပ်ကမ်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ယခုအခါ သိရိင်္လကာ ရဲတပ်ဖွဲ့သည် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး၊ သီရိလင်္ကာ နိုင်ငံသည် ဩစတြေးလျနှင့် နယူးဇီလန်သို့ တရားမဝင် ထွက်ပြေး ၀င်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမား အများဆုံး နိုင်ငံတခုလည်း ဖြစ်သည်။

ထိုကိစ္စကြောင့် နှစ်နိုင်ငံ အစိုးရများက သီရိလင်္ကာ အစိုးရထံ ကန့်ကွက်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိသည်။ သီရိလင်္ကာမှ စတင် ထွက်ခွာလာသော စက်လှေများသည် ပုံမှန် အခြေအနေအရ ဩစတြေးလျသို့ (၃)ပါတ်ကြာမှ ရောက်လေ့ရှိသည်။ အချို့ကမူ အင်ဒိုနီးရှားကို ဖြတ်ကျော်စဉ် ကမ်းခြေစောင့် လေယာဉ်များက တွေ့ရှိ ဖမ်းဆီးမှုနှင့် ရင်ဆိုင်ကြရသည်။

ပြီးခဲ့သည့် သီတင်းပါတ်က ဒါဇင်နှင့်ချီသော သီရိလင်္ကာ ရွှေ့ပြောင်း လုပ်သားများသည် ၎င်းတို့အား အင်ဒိုအစိုးရက ဒုက္ခသည်အဖြစ် ဖမ်းဆီး ထိန်းချုပ်ထားမှုကို (၃)ပါတ်ကြာ ဆန္ဒပြမှု အောင်မြင် သွားပြီးနောက် အင်ဒိုအစိုးရက အလျှော့ပေးကာ စက်သုံးဆီများ ပြန်လည်ဖြည့်ဆည်း ပေးပြီးနောက် ထွက်ခွာခွင့် ပေးလိုက်ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here