Sony PS3 ဂိမ်းစက်များတွင် Firefox ထည့်သွင်းရန် စဉ်းစားနေ

alt

Sony ကုမ္မဏီက ၎င်းတို့၏ နာမည် ကျော် PS3 ဂိမ်းစက်များ အတွင်း Firefox ကို ထည့်သွင်းသွားရန် စဉ်းစား နေကြောင်း သိရှိရသည်။ ဂျပန် အခြေစိုက် နည်းပညာ ကုမ္မဏီကြီး သည် အခမဲ့ ရယူနိုင်သည့် Firefox

Web Browser ကို PS3 တွင် ထည့်သွင်း နိုင်ရေးအတွက် Firefox အား ထုတ်လုပ်သည့် Mozilla ကုမ္မဏီနှင့် တိုင်ပင်နေကြောင်း သတင်း များ ထွက်ပေါ် နေခဲ့သည်။

Sony ၏ အတွင်း လူတဦးက ယခုကိစ္စကို အတည်မပြု နိုင်သေး သော်လည်း ဖြစ်နိုင်ခြေ အလွန်များ ကြောင်း ပြောဆိုလိုက်ပြီး၊ Sony သည် PS3 ကို အင်တာနက် ချိတ်ဆက်ပြီး ရှာဖွေမှုများ ပြုလုပ်နိုင်ရန်ပါ ရှေးရှု လျှက် ရှိရာ Sony နှင့် Mozilla ပူးပေါင်းမှုသည် အမှန်တကယ် အထမြောက် လာနိုင်ကြောင်း လေ့လာသူ များကဆိုသည်။

အကယ်၍ ထိုကိစ္စ ဖြစ်လာခဲ့ပါက Sony သည် အင်တာနက် ရှာဖွေမှုများ ပြုလုပ်ရာတွင် PS3 ဂိမ်းစက်၏ မြှားခလုတ် များကို အဓိက သုံးစွဲရဖွယ် ရှိသည်။

Sony က ယခု အစီအစဉ်သည် ဂိမ်းစက် ထုတ်လုပ်ရေး လောကတွင် ၎င်း၏ မဟာပြိုင်ဘက်များ ဖြစ်သည့် Nintendo ၏ Wii နှင့် Microsoft ၏ Xbox360 တို့ကို အသာစီး ရစေမည့် ခြေလှမ်းတခုအဖြစ် ယုံကြည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here