ပစ်ခတ် သတ်ဖြတ်မှုများဖြစ်ပွားပြီးနောက် ဖိလစ်ပိုင် တောင်ပိုင်း ပြည်နယ်နှစ်ခုအား အရေးပေါ် အခြေအနေထုတ်ပြန်

alt

ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ မက်ဂါပါဂေါ အာရိုယို က ပစ်ခတ် သတ်ဖြတ် မှုများ နိုဝင်ဘာလ (၂၃)ရက် နေ့က ဖြစ်ပွားပြီးနောက် တောင်ပိုင်း ပြည်နယ် နှစ်ခုတွင် အရေးပေါ် အခြေ အနေ ကြေညာချက် ထုတ်ပြန်ထား

လိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စအတွက် နှီးနှောမှုများ ပြုလုပ်နေစဉ် သေနတ် သမားများက ပစ်ခတ် သတ်ဖြတ်မှုကြောင့် လူ(၂၄)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ယင်း ဖြစ်ရပ်သည် နိုင်ငံ၏ ရွေးကောက်ပွဲနှင့် ဆိုင်သည့် အဆိုးရွားဆုံး သတ်ဖြတ်မှု အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

နိုဝင်ဘာ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဂါဘာနေရှင်နယ် အမတ်လောင်း အစ္စမေးလ် မန်ဂူဒါ ဒက်တူ အား ထောက်ခံသူများနှင့် သတင်းထောက်များအား သေနတ်သမား (၁၀၀)ခန့်က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောကြားခဲ့သည်။ အမတ်လောင်း အစ္စမေးလ် သည် ထိုအဖွဲ့တွင် မပါ၀င်သဖြင့် အသက်ဘေးမှ ကင်းလွတ်ခဲ့သော်လည်း ၎င်း၏ ဇနီးမှာမူ သေဆုံး သွားခဲ့ရသည်။

အစိုးရ အနေနှင့် ယခု ပြဿနာကြောင့် ဖိအားများ ရင်ဆိုင်နေရပြီး မိမိတို့ အနေနှင့် ယခုကဲ့သို့ မတရား အကြမ်းဖက်မှုများ အတွက် အပြည့်အဝ စုံစမ်းဖော်ထုတ် သွားမည်ဟု အာရိုယို က ကတိပြု ထားသည်။ ၎င်းတို့သည် ဘတ်စ်ကားများဖြင့် လိုက်ပါလာစဉ် ကြားဖြတ် တားဆီးခံရပြီး အနီးအနား တောင်တန်း ဒေသများသို့ ဖမ်းဆီး ခေါ်ဆောင်သွားကာ ပစ်သတ်ခြင်း ခံခဲ့ရခြင်းဟု ရဲတပ်ဖွဲ့က အတည်ပြု ခဲ့သည်။

အာရိုယို၏ ပြောရေးဆိုခွင့်ရ အရာရှိ ကာဂျီရီမွန်ဒီက မိမိတို့ အနေနှင့် သေနတ်သမားများ လက်မှ လွတ်မြောက်သူများ ရှိနေသည်ဟု ယူဆကြောင်းနှင့် ရှာဖွေရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ပြည်နယ်များသည် အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် သမားများ ခိုအောင်းလျှက် ရှိရာ ဒေသများ ဖြစ်ပြီး အယ်ကိုင်းဒါး တပ်ဖွဲ့များ၏ ကျောထောက် နောက်ခံပြုမှုကို ရရှိထားသော ဖိလစ်ပိုင် အစိုးရကို ဆန့်ကျင် တိုက်ခိုက်မှုများ ပြုလုပ်နေ အဘူဆာယက် သို့မဟုတ် အခြားသော နိုင်ငံရေးသမားများ၏ လက်ချက် ဖြစ်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here