အရက်ကို သင့်တင့်မျှတစွာ သောက်ပါက နှလုံးရောဂါ အတွက်ကောင်း

alt

သင့်တင့် မျှတသော အတိုင်းအဆဖြင့် အရက်ကို ပုံမှန် သောက်သူများသည် နှလုံးရောဂါကို သာမန်ထက် ခံနိုင်ရည် ပြည့်ဝကြကြောင်း သုတေသီ များက ထောက်ခံ ပြောကြားလိုက်သည်။

နှစ်ရှည်လများ ကြာမြင့်သည် အထိ သင့်လျော်သော အတိုင်းအဆမျှ အရက် သောက်သော အမျိုးသားများတွင် နှလုံးရောဂါ ဖြစ်နိုင်ခြေ သာမန်ထက် (၃)ပုံ (၁)ပုံမျှ လျော့နည်းပြီး အမျိုးသမီး များတွင်မူ ထက်ဝက် အထိ ကျဆင်း သွားကြောင်း နိုဝင်ဘာ (၁၉)ရက် နေ့ထုတ် အမေရိကန် Heart ဂျာနယ်တွင် ဖော်ပြထားသည်။

အယ်ကိုဟောလ် ပါ၀င်မှုသာ အဓိကဖြစ်ပြီး ဘီယာ၊ ၀ိုင်နှင့် အခြားသော အရက်များပါ ကန့်သတ်ချက် မရှိဘဲ ကျန်းမာရေးကို အထောက်အကူ ပြုသည်ဟု ပညာရှင်များက ဆိုသည်။ သို့သော်လည်း အများသိပြီးသည့် အတိုင်း အလွန် များပြားသော ပမာဏထိ သောက်ပါကမူ အန္တရာယ်ရှိကြောင်း ဆရာဝန်များက သတိ ပေးထားသည်။

ပညာရှင် များသည် (၁၀)နှစ် အထိ အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးခဲ့သူ အမျိုးသား (၁၅၅၀၀) နှင့် အမျိုးသမီး (၂၆၀၀၀) တို့၏ အခြေအနေကို သီးသန့် လေ့လာမှုများ ပြုလုပ်ခဲ့သည့် တွေ့ရှိချက်များ အရ သင့်တင့်မျှတစွာ ပုံမှန် အရက်သောက်သော အမျိုးသား၊ အမျိုးသမီးများ အားလုံး နှလုံးနှင့် ပတ်သက်ပြီး ကောင်းကျိုးများ သာမန်ထက် ရရှိနေသည်ကို တွေ့မြင် ခဲ့ရသည်ဟု ဟားဗတ် ဆေးကျောင်း ပြည်သူ့ ကျန်းမာရေးဌာနမှ ပရော်ဖက်ဆာ အဲရစ်ရင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဒေသ အသီးသီးမှ စားသောက်ပုံ နည်းစံနစ်များအရ မြေထဲပင်လယ် ဒေသနိုင်ငံများတွင် နေထိုင်သူများသည် အရက်ကို သင့်တင့် မျှတစွာ ပုံမှန် သောက်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်စွမ်း အမြင့်ဆုံးရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here