ဇန်နဝါရီ အပြောင်းအရွှေ့တွင် ငွေကြေးများစွာ သုံးစွဲရန် မရှိဟု ဖာဂူဆန် ပြောကြား

alt

အသင်း အနေနှင့် ဇန်နဝါရီ အပြောင်း အရွှေ့ ဈေးကွက်အတွင်း ကြီးကြီးမားမား ငွေကြေး သုံးစွဲသွားရန် အစီအစဉ် မရှိကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဆာ အဲလက် ဖာဂူဆန် က ပြောကြားလိုက်သည်။

စကော့လူမျိုး နည်းပြကြီးက မိမိတို့ အသင်း၏ အင်အားကို ယုံကြည်ပြီး ဖြစ်ကာ ငွေကြေး အလုံးအရင်း သုံးစွဲပြီး လူအင်အား ဖြည့်တင်းမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း၊ အကယ်၍ ကစားသမား ၀ယ်ယူမည် ဆိုပါကလည်း ငွေကြေးကို စီစစ် သုံးစွဲသွားမည်ဟု အတည်ပြုခဲ့သည်။

ထို့ကြောင့်လည်း ဗလန်စီယာ မှ စပိန် လက်ရွေးစင်များ ဖြစ်သည့် ဒေးဗစ် ဆေးဗား နှင့် ဒေးဗစ် ဗီလာတို့ ယူနိုက်တက်သို့ ရောက်လာရန်မှာ မသေချာသော အခြေအနေတွင် ရှိနေခဲ့ချေသည်။

ဖာဂူဆန် သည် အဲဗာတန် အလယ်တန်းမှ လူငယ် ကစားသမားလေး ဂျက်ရော့ဝဲ ကို ကမ်းလှမ်း ခဲ့သေးသော်လည်း ပေါင်သန်း(၂၀) အထိ ဈေးခေါ်မှုကြောင့် လက်လျှော့ လိုက်ရသည်။ မိမိ အနေနှင့် (၂၀၁၀)ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလတွင်သာ ကြီးကြီးမားမား ကစားသမား ခေါ်ယူမှုမျိုး ပြုလုပ်လိုကြောင်း ဖာဂူဆန်က ပြောကြားခဲ့သည်။

ဈေးကွက်အတွင်း ကစားသမားကောင်း အမြောက်အမြား ရှိနေကြောင်း၊ မိမိတို့ အသင်းသည် ကစားသမား ခေါ်ယူရေး အတွက် ရံပုံငွေ အဖြစ် ပေါင်စတာလင် သန်း(၅၀)မျှ လက်ဝယ် ပိုင်ဆိုင်ထားကြောင်း၊ သို့သော်လည်း မတန်တဆ ဈေးပေးပြီး ခေါ်ယူမှုမျိုးကို လုံးဝ  ပြုလုပ်မည် မဟုတ်ကြောင်း နည်းပြကြီးက ယတိပြတ် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here