အင်ဒိုနီးရှား ကူးတို့ရေယာဉ် နစ်မြုပ်မှု ၂၉ဦး ထက်မနည်းသေဆုံး

alt

အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော ကူးတို့ ရေယာဉ် မတော် တဆ နစ်မြုပ်မှုအတွင်း ပျောက်ဆုံး နေသူ (၂၁)ဦးကို ကယ်ဆယ်ရေး များက အစောတလျှင် ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။

Dumai Express 10 ကူးတို့ ရေယာဉ်သည် မုန်တိုင်း အတွင်း ပြင်းထန်သော လှိုင်းလုံး များကြောင့် နိုဝင်ဘာ (၂၂)ရက် နေ့က ဆူမားတြား ကမ်းလွန် ရေပြင်တွင် နစ်မြုပ်သွားခဲ့ပြီး၊ တာဝန်ရှိသူ များက လူပေါင်း (၂၅၄)ဦးကို ကယ်တင် နိုင်ခဲ့သော်လည်း (၂၉)ဦး ထက်မနည်း ရေနစ်သေဆုံး ခဲ့ကြောင်း အတည်ပြုခဲ့ပြီး စာရင်း ပျောက်နေသူ (၂၁)ဦးကို နိုဝင်ဘာ (၂၃)ရက် နေ့အထိ လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။

မုန်တိုင်းကြောင့် ဒုတိယ ကူးတို့ယာဉ် တစင်းလည်း သောင်တင် သွားခဲ့သည့်တိုင် အသေအပျောက် ထိခိုက်မှု မရှိကြောင်း သိရသည်။ နစ်မြုပ်သွားသော ရေယာဉ်အား ရှာဖွေရေးအတွက် ရဲတပ်ဖွဲ့ ကင်းလှည့်ရေယာဉ်များ၊ ငါးဖမ်းလှေများနှင့် စစ်သင်္ဘော များပါ အခင်းဖြစ်ရာ အင်ဒိုနီးရှား အနောက်ဘက် ရေပြင်သို့ ရောက်ရှိနေကြောင်း ဒုတိယ ဗိုလ်မှူးကြီး အက်ဒွင်က ပြောကြားခဲ့သည်။ ၎င်းသည် ယခု ကယ်ဆယ်ရေး mission အား ခေါင်းဆောင်နေသည့် ပုဂ္ဂိုလ်လည်း ဖြစ်သည်။

အက်ဒွင်က ရာသီဥတု အလွန်ဆိုးပြီး (၁၃)ပေ အထိ မြင့်တက်လာသည့် လှိုင်းလုံးများက ကယ်ဆယ်ရေး လုပ်ငန်းများကို အနှောင့်အယှက် ပေးနေကြောင်း ၀န်ခံခဲ့ပြီး မိမိတို့ အနေနှင့် အစွမ်းကုန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံသည် ကူးတို့ရေယာဉ် မတော်တဆမှု များကြောင့် လူသေဆုံးမှုများ မကြာခဏ ကြံုတွေ့ရလေ့ရှိပြီး ယခုနှစ်ပိုင်း အတွင်းတွင်ပင် လူရာပေါင်းများစွာ သေဆုံးခဲ့ဖူးသော သာဓကများ ရှိခဲ့ပြီ ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံသည် ကျွန်းစုပေါင်း (၁၇၀၀၀) ကျော်ဖြင့် ဖွဲ့စည်းထားရာ အန္တရာယ်ကြီးသော်လည်း ရေလမ်း ခရီးအား မဖြစ်မနေ အသုံးပြုနေရဆဲ ဖြစ်သည်။ ယခု နစ်မြှပ်သွားသော ကူးတို့ ရေယာဉ်မှာ စင်္ကာပူနှင့် မျက်နှာချင်းဆိုင်  အရပ် ဘာတန်း နှင့် ဆူမတြာ ကျွန်းစု သို့ မိနစ် ၉၀အကြာ ပြေးဆွဲသော ခရီးစဉ်များ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here