Windows 8 ထွက်ရှိမှု ၂၀၁၂ခုနှစ် အထိ အချိန် ဆွဲထားဖွယ်ရှိ

alt

Microsoft မှ ပြီးခဲ့သော သီတင်းပါတ် အတွင်း ထုတ်ဝေခဲ့သော Roadmap အရ Windows 8 ( အမည် အတည်မပြု ရသေး ) သည် (၂၀၁၂) ခုနှစ်တွင် တရားဝင် ထွက်ပေါ်လာဖွယ် ရှိကြောင်း သိရှိရသည်။

Windows 7 ကို နိုဝင်ဘာလ အတွင်းက ထုတ်ဝေပြီးနောက် အောင်မြင် နေသော Microsoft အနေနှင့် နောက်ထပ် Windows စံနစ်သစ်ကို (၂၀၁၂) အထိ အချိန် ဆွဲထားဖွယ် ရှိနေသည်။

ထို့အပြင် ကြား ကာလအတွင်း Windows 7 အတွက် Update Patch အသစ်များပါ ဖြည့်ပေးသွားဖွယ်လည်း ရှိကြောင်း သိရှိရသည်။ Microsoft သည် (၄)နှစ် ကြာတိုင်း အကြီးစား ထုတ်ကုန်တခုကို မိတ်ဆက် ဖြန့်ချီလေ့ရှိသည်။

မိုက္ကရိုဆော့ဖ် ကုမ္မဏီ အနေနှင့် Windows Server 2008 ကို အကြီးစား ထုတ်ကုန်အဖြစ် သတ်မှတ်ထားပြီး နာမည်ကျော် Windows 7 ကိုမူ Vista တွင် အဆင်မပြေခဲ့မှု များအတွက် Update အနေနှင့်သာ ရည်ရွယ်ထားခြင်းဟု Roadmap က ညွှန်ပြနေသည်။ Vistaသည် (၂၀၀၇) ခုနှစ်တွင် စတင် ထုတ်ဝေပြီးနောက် ပြဿနာများ ပေါ်လာခဲ့သလို Microsoft သည်လည်း ဝေဖန်မှုများ ခံရပြီးနောက် Windows 7ကို အစားထိုး အနေနှင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

Windows 7 သည် စံနစ်သစ်တခု မဟုတ်ဘဲ Vista တွင် ညံ့ဖျင်းခဲ့သော ဟာကွက်များကို ပြင်ဆင်မွမ်းမံ ထားသည့် Update တမျိုးသာဖြစ်ပြီး လာမည့် Windows စံနစ်သစ်တွင်သာ ပုံစံသစ်များကို တွေ့မြင်ရမည် ဖြစ်ကြောင်း သိရှိရသည်။ Microsoft သည် အသစ် ထွက်လာမည့် Windows စံနစ်သစ်တွင် လက်ရှိသုံးစွဲနေသော 32bit ၊ 64bit Version များအပြင် 128bit ကိုပါ ဖြည့်စွက် သွားဖွယ်ရှိကြောင်း ပြောဆို ထားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here