ဩစတြေးလျ ပြည့်တန်ဆာအား လိင်မှုဆိုင်ရာ အကြမ်းဖက်ခဲ့သည်ဟု စွပ်စွဲခံရသော အမေရိကန် ရေတပ်သား အပြစ်မှကင်းလွတ်

alt

ဩစတြေးလျ ပြည့်တန်ဆာ တဦးအား လိင်မှုဆိုင်ရာ အကြမ်းဖက်ခဲ့သည်ဟု စွပ်စွဲ ခံထားရသည့် အမေရိကန် ရေ တပ်သား တဦးတွင် အပြစ် မရှိကြောင်း တရားရုံးတော်က နိုဝင်ဘာ (၂၃)ရက် နေ့တွင် အမိန့်ချမှတ် လိုက်သည်။

ဩစတြေးလျ၏ အကြီးဆုံးမြို့၊ ကမ်းခြေ အနီး ဆောင်ကြာမြိုင်တွင် ယင်း အမျိုးသမီး အား နိုင်လိုမင်းထက် ပြုကျင့်ကာ ထားရစ်ခဲ့သည် ဆိုသော စွဲချက် အတွက် အသက်(၂၅)နှစ် အရွယ် မရိန်းစစ်သည် တင်မိုသီဒေးဗစ်တွင် အပြစ်မရှိကြောင်း နယူးဆောက်ဝေးလ် ခရိုင် တရားရုံးက သတ်မှတ်ခဲ့သည်။

၎င်းသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အမျိုးသမီးအား ထိခိုက်ဒဏ်ရာ ရစေမှုများဖြင့် စွဲချက်ခံရခြင်း ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် အနှစ်(၂၀)အထိ ချမှတ်ခံရဖွယ် ရှိနေသည်။

ဒေးဗစ်သည် ဆစ်ဒနီသို့ ပို့လွှတ်ခဲ့သည့် ကုန်းနှင့်ရေ နှစ်တန်သွား ယာဉ်များ တင်ဆောင်သည့် စစ်သင်္ဘော USS Peleliu နှင့် ဒုံးကျည်တင် ဖျက်သင်္ဘော USS Halsey တို့တွင် တာဝန် ထမ်းဆောင်ရန် ရောက်ရှိနေသော ရေတပ် မရိန်းစစ်သည် (၃၀၀၀) တွင် အပါအဝင် ဖြစ်သည်။

၎င်းသည် (၂၀၀၈)ခုနှစ်၊ အောက်တိုဘာလ ကတည်းက ထိုသင်္ဘောများနှင့် အတူ ဆစ်ဒနီသို့ ရောက်နေခြင်း ဖြစ်သည်။  ၎င်း အမျိုးသမီးက ဒေးဗစ်သည် သူမနှင့်အတူ ရှိနေစဉ် စိတ်အား ထက်သန်လာပြီးနောက် အကာအကွယ် မပါဘဲ လိင် ဆက်ဆံရန် တောင်းဆိုခဲ့ရာ သူမက ငြင်းဆန် ခဲ့ပြီးနောက် ယခုလို အနိုင်ကျင့် တိုက်ခိုက်ခဲ့ကြောင်း ရုံးတော်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

တရားသူကြီး များသည် ရဲများထံမှ သက်သေ အထောက်အထား အဖြစ် အမျိုးသမီး၏ ဒဏ်ရာများကို ရိုက်ကူးထားသည့် ဓာတ်ပုံ များကိုပါ လေ့လာခဲ့သည်။ ဒေးဗစ်က ၎င်းသည် အမျိုးသမီးက ရပ်နားလိုသည့် အချိန်တွင် ဆက်လက်ပြုကျင့် နေကြောင်း ၀န်ခံခဲ့သော်လည်း အမျိုးသမီးက ၎င်းအား ကန်ကျောက်ချိန်တွင် ဆက် မကြိုးစားတော့ဟု ခုခံ လျှောက်လဲခဲ့သည်။

၎င်းက အမျိုးသမီး စူးစူးဝါးဝါး အော်ဟစ် ရန်တွေ့သည့်အခါ ပါးစပ်ကို လက်ဖြင့်သာ ပိတ်ထားပြီး ပိုက်ဆံပြန်တောင်း ကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားသည်။ ဒေးဗစ်သည် ၎င်း၏ တရားသေ လွတ်မြောက် လာမှုအတွက် သတင်းထောက် များအား ဖြေကြားခြင်း မှတ်ချက် မပေးချေ၊ ဒေးဗစ်သည် အမှုပြီးပြတ်ပြီ ဖြစ်၍ ဩစကြေးလျမှ ဆန်ဒီယေးဂိုးလ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဒေးဗစ်၏ မိတ်ဆွေဖြစ်သော ဆမ်မာဆီဒွန် က စိတ်ဖိစီးရသော ပြဿနာမှ လွတ်မြောက်လာသည့် အတွက် ၀မ်းသာနေကြောင်း ပြောကြားခဲ့သည်။ နယူးဆောက်ဝေးလ် တွင် ပြည့်တန်ဆာများ အလုပ်လုပ်ရာ ဆောင်ကြာမြိုင်များကို တရားဝင် ဖွင့်လှစ် ပေးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here