မန်ယူ တိုက်စစ်မှူး ဝိန်းရူနီ ပရီးမီးယားလိဂ် သမိုင်း၌ ဝင်ငွေအများဆုံး ကစားသမား ဖြစ်လာမည်

alt

မန်ချက်စတာ ယူနိုက်တက် တိုက်စစ် မှူး ၀ိန်းရူနီသည် ပရီးမီးယားလိဂ် သမိုင်းတွင် ၀င်ငွေအများဆုံး ရရှိသော ဘောလုံး သမား ဖြစ်လာတော့မည်ဟု လန်ဒန် ဘောလုံး သတင်းများအရ သိရှိ ရသည်။

News of the World သတင်းစာ၏ ဖော်ပြချက်အရ အသက် (၂၄)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် မန်ချက် စတာ စီးတီးမှ အီမန်နျူရယ် အဒီ ဘာယော ရရှိနေသည့် တပါတ် ကစားကြေး ပေါင်(၁၇၀၀၀၀)ကို ပရီးမီးယား လိဂ် စံချိန်တင် လစာအဖြစ် တန်းတူ ရရှိမည့်အပြင် ပုံရိပ် အသုံးပြုခွင့် နှင့် အခြားသော မူပိုင်ခွင့် များအား အသင်းထံ လွှဲအပ်မှုဖြင့် တပါတ်လျှင် ပေါင်(၄၅၀၀၀)စီ ထပ်မံ ရရှိဦးမည် ဖြစ်သည်။

ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန် က ရူနီ အတွက် ယခု စာချုပ်သစ်သည် ၎င်း၏ အသင်းအပေါ် သစ္စာစောင့် သိမှုကြောင့် ထိုက်တန်သော ချီးမြှင့်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူး မြို့သား ရူနီသည် အင်္ဂလန် သမိုင်းတလျှောက် လစာ အများဆုံး ကစားသမား အဖြစ်သို့ မကြာမီတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရပြီး၊  အချက်အလက် အားလုံးကို သဘောတူညီပြီး ဖြစ်သည့်တိုင် ၎င်း၏အေးဂျင့် ပေါစထရက်ဖို့တ် မှာ (၉)လကြာ အေးဂျင့်လုပ်ခွင့် ပိတ်ပင်ခံ ထားရသောကြောင့် ၎င်း၏ပြစ်ဒဏ် မကြာမီ စေ့ချိန်မှသာ စာချုပ်သစ်ကို တရားဝင် ချုပ်ဆိုနိုင်မည် ဖြစ်သည်။

ရူနီသည် ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန်နှင့် ခြေစွမ်းမပြရသေးမီ ကတည်းက ကမာ္ဘကျော် ကလပ်အသင်းကြီး အတော်များများက စိတ်ဝင်တစား စုံစမ်းမှုများ ပြုလုပ်နေပြီးနောက် အသင်းက ၎င်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here