မြန်မာ ဘုန်းတော်ကြီး လေကောင်းလေသန့် ရချင်၍ အဲယားအိန္ဒိယ လေယာဉ် ရနာရီ ရပ်ထားခဲ့ရ

alt

မြန်မာ ဘုန်းတော်ကြီး တပါး လေယာဉ် မထွက်ခွါမီ အချိန်လေး မှာပင် လေကောင်း လေသန့် ရချင်သည်ဟု ဆိုကာ လေယာဉ်ထဲရှိ အရေးပေါ် တံခါးပေါက် အား အတင်းအဓမ္မ

ဖွင့်လိုက်မှုကြောင့် အိန္ဒိယနိုင်ငံ ကလကတ္တား လေဆိပ်တွင် လေယာဉ် ရနာရီမျှ ကြန့်ကြာမှု ဖြစ်ပွားခဲ့ရသည် ဟု သိရှိရသည်။

လေဆိပ် အာဏာပိုင်များ ပြောကြား ချက် အရ ဤရလဒ်ကြောင့်  လေယာဉ်ပြုပြင်ရန် လေယာဉ်ပေါ်ရှိ ခရီးသည်များ ခေတ္တ ဆင်းပေးရကာ လေယာဉ်အား ပုံမှန် အနေအထား ရောက်ရှိအောင် ပြန်လည် လုပ်ဆောင်ရ သဖြင့် ရနာရီ ကြာမြှင့် သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံမှ ယနေ့ထုတ် ဟိန္ဒူ သတင်းစာအရ ထိုလေယာဉ်မှာ အဲယားအိနိ္ဒယ လေကြောင်းလိုင်း မှ အဲယားဘတ်(စ်) ၃၂၀ လေယာဉ် အမျိုးအစားဖြစ်ပြီး ခရီးသည် ၁၃၉ယောက် နှင့် တနင်္လာနေ့ နံက် ၁၀နာရီ ၁၀မိနစ် က ကလကတ္တားမှ ရန်ကုန်သို့ ပျံသန်းမည့် ခရီးစဉ်အမှတ် IC-727 ဖြစ်သည်ဟု သိရှိရသည်။

ထို ဘုန်းတော်ကြီးမှာ သက်တော် ၄၅နှစ်ရှိ ဦးဝါဇသုဂ္ဂ ဖြစ်ပြီး ဘုန်းတော်ကြီး ပြောကြားချက် အရ လေယာဉ် တက်ခါနီး ပြေးလမ်းကြောင်းပေါ် ရောက်ရှိနေသည် အထိ လေယာဉ်အတွင်း ပုံမှန် မဟုတ်သော အနံ့အသက်များ ရရှိနေသောကြောင့် ထိုသို့ ပြုရခြင်းဟု ဆိုသည်၊ ထို့ အနံ့အသက်ကြောင့် မိမိမှာ ဤကဲ့သို့ ဆုံးဖြတ်ချက် ချပြီး ထိုင်ခုံ(11A) မှ ထကာ အရေးပေါ် တံခါးအား သွားဖွင့်ရခြင်း ဖြစ်သည်ဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့် ရှိသူ ပူလော့ မူခါဂျီးမှ မီဒီယာများသို့ ထပ်ဆင့် ပြောဆိုလိုက်သည်။

ယင်း ခရီးစဉ်အမှတ် IC-727 အား ရနာရီ အကြာမှ အင်္ဂျင်နီယာများ အရေးပေါ် တံခါးပြန်လည် ပြင်ဆင် ပြီးစီးသဖြင့် ညနေ ၅နာရီ ၅မိနစ်တွင် ရန်ကုန်သို့ ထွက်ခွါ သွားခဲ့ပြီဟု သိရှိရသည်။ ထိုလေကြောင်း အနေဖြင့် ထို ဘုန်းတော်ကြီးအား မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်မည်ကို ပြောဆို သွားခြင်းမရှိဟု သတင်းစာများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here