ယခင်ကပင် အင်္ဂလန် လက်ရွေးစင် ဖြစ်လိုခဲ့ဟု ကလစ်ချီ ပြောကြား

alt

မိမိအနေနှင့် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုရန် ယခင် ကပင် စဉ်းစား ခဲ့မိသေးကြောင်း အာဆင်နယ် ခံစစ်မှူး ဂေးလ် ကလစ်ချီ က ၀န်ခံ လိုက်သည်။

အသက် (၂၄)နှစ်ရှိ ကလစ်ချီသည် အာဆင်နယ် ဘယ်တောင်ပံ ခံစစ် ကြောင်းတွင် အထူး ခြေစွမ်းပြနေသူ ဖြစ်သော်လည်း မိမိနိုင်ငံ ပြင်သစ် လက်ရွေးစင် အသင်းတွင် ပက်ထရစ် အဲဗရာ နှင့် အဲရစ်အဘီဒယ် တို့ ရှိနေခြင်းကြောင့် နေရာ မရခဲ့ပေ။

အင်္ဂလန်၏ စည်းမျဉ်းအရ မည်သည့် လက်ရွေးစင် အသင်းကိုမျှ ကိုယ်စား မပြုဖူးသလို ဥရောပ ယူနီယံ အဖွဲ့ဝင် နိုင်ငံတခု၏ လတ်တလော နိုင်ငံသား ဖြစ်နေသော ဘောလုံးသမား တဦးသည် (၃)နှစ်ကြာ အင်္ဂလန်တွင် ဘောလုံး ကစားပြီးပါက အင်္ဂလန် လက်ရွေးစင် ရွေးချယ်ခံခွင့် ရှိသည်။ လက်ရှိတွင်မူ ပြင်သစ် နိုင်ငံအတွက် ကစားချင် ပါသော်လည်း အင်္ဂလိပ် ပရိသတ်၏ တောင်းဆိုမှုကြောင့် မိမိမှာ အင်္ဂလန် အမာခံ လက်ရွေးစင်တဦး ဖြစ်လာသည်ဟု ကလစ်ချီက ဆိုသည်။

မိမိသည် ၅နှစ်ကြာ အင်္ဂလန်တွင် နေထိုင်ခဲ့ပြီး၊ အင်္ဂလန်မြေကို ချစ်သည့်စိတ်ကြောင့် နည်းပြ ဖေဘီယိုကာပယ်လို၏ လက်အောက်တွင် အင်္ဂလန် အသင်းအတွက် ကစားရန် ယခုကဲ့သို့ စဉ်းစားမိခဲ့ကြောင်း ပြောဆိုလိုက်သည်။ အာဆင်နယ် အသင်း၏ ဂိုးသမား မန်နျူရယ် အယ်မူနီယာ သည်လည်း စပိန်အတွက် အရွေး မခံရသဖြင့် အင်္ဂလန်အတွက် ကိုယ်စားပြုရန် စဉ်းစားခဲ့ဖူးသည်။

ကလစ်ချီက အင်္ဂလန်တွင် နေထိုင်ရသည်ကို ပျော်ရွှင်နေပြီး ထိုနိုင်ငံအတွက် တတ်နိုင်သမျှ စွမ်းဆောင် ပေးချင်စိတ်လည်း ဖြစ်မိကြောင်း arsenal.com သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မိဘနှစ်ပါး၏ ဖြောင့်ဖြမှုနှင့် ပြင်သစ်ကို သံယောဇဉ် မပြတ်ခြင်း တို့ကြောင့် အခွင့်အရေးကို စောင့်ဆိုင်း နေခဲ့ကြောင်း၊ ယခုအခါ အင်္ဂလန် လက်ရွေးစင် တဦးအဖြစ် ခံယူလိုက်နိုင်ခြင်း အတွက်လည်း အလွန် ဂုဏ်ယူကြောင်း ကလစ်ချီက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here