မိုက္ကရိုဆော့ဖ် ဝင်းဒိုးကို အလဲထိုးမည့် လွယ်ကူလှသော Chrome OS စမ်းသပ် အဆင့် သုံးစွဲနိုင်ပြီ

alt

Google သည် PC ကွန်ပျူတာများ အတွက် ရည်ရွယ်ထားသည့် ၎င်းတို့၏ Operating System အသစ် Chrome OS ကို ပထမဆုံး အကြိမ်အဖြစ် နိုဝင်ဘာ (၁၉)ရက် နေ့က စမ်းသပ် သုံးစွဲရန် ထုတ်ပေးလိုက်ပြီ ဖြစ်သည်။

အင်တာနက် ရှာဖွေရေး ၀ဘ်ဆိုဒ်ကြီးမှ ပထမ ခြေလှမ်းအဖြစ် Demo Version ထုတ်လုပ်လိုက်သော Chrome OS ၏ အပြည့်စုံဆုံး Version ကို လာမည့် နှစ်အတွင်း အပြည့်အစုံ အခမဲ့ ထုတ်ဝေသွားမည် ဖြစ်သည်။

အခမဲ့ ထုတ်ဝေမည့် Chrome OS သည် Netbook များနှင့် တန်ဖိုးနည်း ကွန်ပျူတာများ အတွက် အဓိက ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့အပြင် Chrome OS ၏ Code များကိုလည်း Open-Source အနေနှင့် ရယူနိုင်မည် ဖြစ်ပြီး မည်သူမဆို OS ၏ အရည်အသွေး မြင့်တက် လာရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

Google က OS အသစ်အတွက် မြန်နှုန်းမြင့်ခြင်း၊ ရိုးရှင်း သေသပ်ခြင်းနှင့် လုံခြံုခြင်း တို့ကို အဓိကထား အာရုံ စိုက်ထားကြောင်း ပြောကြားခဲ့သည်။ Chrome OS သည် ကွန်ပျူတာ စံနစ်ကို အခြေခံမှ စကာ ကွဲပြားသော အတွေ့အကြံုများ ရရှိစေမည်ဟု ကြွေးကြော်ထားသည်။

ယခု OS တွင် ပါ၀င်သော Application တိုင်းသည် Web Application များသာဖြစ်ရာ Microsoft ၏ Windows စံနစ်များကဲ့သို့ အသုံးပြုသူများသည့် Software များကို Install လုပ်ခြင်း၊ Manage လုပ်ခြင်းနှင့် Update လုပ်ခြင်းများ ပြုလုပ်စရာ မလိုအပ်ပေ။ ထို့အပြင် Chrome OS အား အင်တာနက် Connection မရှိပါက အသုံးပြုရန် အဆင်ပြေမည် မဟုတ်ကြောင်းလည်း ကြိုတင် သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here