ငွေညစ်ခံရသည့် အမှု ဆူပါမော်ဒယ်လ် စင်ဒီကရောဖို့တ် နိုင်ပြီ

alt

ယခင် ဂျာမန်အမျိုးသား မော်ဒယ်လ် ဟောင်း အဲဒစ် ကရာလာ( အသက် – ၂၆နှစ်) မှာ ယခင် နှစ်များကပင် ဆူပါ မော်ဒယ်လ် စင်ဒီကရောဖို့တ် ထံ ဓါတ်ပုံပြ၍ ဒေါ်လာ၁သိန်း ရရှိလို ကြောင်း ငွေညစ်သည့်

အမှုအခင်း ဖြစ်ပွားနေခဲ့ကြောင်း သိရှိ ရသည်။

ယင်း မှုခင်းနှင့် ပါတ်သက်၍ အာဏာပိုင်များ ပြောကြားချက်အရ စင်ဒီနှင့် သူမ၏ ခင်ပွန်း ဖြစ်သူ ရန်ဒီဂါဘာ တို့မှာ သူတို့၏ ရနှစ်အရွယ် သမီးငယ်ကို ထိုင်ခုံတွင် အဝတ်များဖြင့် ချည်နှောင်ထားသည့် Child Abuse ပုံစံဖြင့် ငွေညစ်ခဲ့ခြင်း ဖြစ်ပြီး၊ အဲဒစ်မှာ ထိုပုံအား စင်ဒီ၏ ကလေးထိန်း ဖြစ်သူထံမှ ရရှိသည်ဟု ထွက်ဆိုသည်။

လိုက်တမ်းပြေးတမ်း ကစားသကဲ့သို့ ဖြစ်နေသော ထိုအမှုမှာ ၁နှစ်ကျော် ကြာမြင့်ပြီ ဖြစ်ပြီး၊ ကျော်ကြားသူ စင်ဒီတို့ ဇနီးမောင်နှံအား ထိုဓါတ်ပုံဖြင့် မီဒီယာသို့ ထုတ်လွှင့်မည်ဟု ခြိမ်းခြောက်သော အဲဒစ်မှာ မှုခင်း ဖြစ်ပွားစဉ်က အမေရိကန်နိုင်ငံတွင် တရားမဝင် နေထိုင်သူ ဖြစ်နေခဲ့သည်။

ယခင် အပါတ်ကပင် အဲဒစ်အား ဂျာမဏီနိုင်ငံသို့ နယ်နှင်ပို့ ဆောင်ခဲ့ပြီး ဖြစ်၍ ဂျာမဏီ နိုင်ငံတွင်လည်း မပြီး ပြတ်သေးသော ဒေါ်လာ ၁သိန်း ငွေညစ်မှုအား ဆက်လက်အမှု ယှဉ်ဆိုင်ကာ ထောင်ဒဏ် ကျခံရမည် ဖြစ်သည်ဟု ဂျာမဏီ စတုဂတ် ရဲဋ္ဌာနမှ ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here