မလေးရှားရောက် မြန်မာ နိုင်ငံသားနှင့် အင်ဒိုသူ လင်မယား၏ သမီးငယ် ပြန်ပေးဆွဲခံရ

alt

မလေးရှား နိုင်ငံရောက် အင်ဒိုနီးရှားသူ တဦးနှင့် လက်ထပ်ထားသော မြန်မာ နိုင်ငံသား လင်မယားတို့၏ သမီးငယ် အား အိမ်ဖော်က ပြန်ပေး ဆွဲသွားသည် ဟု ယုံကြည်ရ သဖြင့် သောက ပွေနေရ ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသား စားဖိုမှူး အောင်စိုး (ခေါ်) အဘူဟူဆင်း (အသက်-၃၈နှစ်) နှင့် အင်ဒိုနီးရှားသူ ဇနီး ဟက်စလင်ဒါ ဒါမာနစ် (အသက်၃၅နှစ်) တို့သည် လွန်ခဲ့သော (၁၀)နှစ် ကတည်းက မလေးရှားတွင် နေထိုင်လျှက် ရှိကာ  ၂နှစ်အရွယ် သမီးငယ် စတိနျူဒီယန်းနား အား ဖွားမြင်ထားသူများ ဖြစ်ကြသည်။

ယခု သီတင်းပါတ် အတွင်း ၎င်းတို့ အပြင်မှ ပြန်လာချိန် ညရနာရီခွဲတွင် အသက်(၅၀) အရွယ် ၎င်းတို့ အိမ်ဖော် အမျိုးသမီးနှင့် (၂)နှစ်အရွယ် သမီးငယ်တို့ ပျောက်ဆုံး နေကြောင်း သိရှိခဲ့သည်ဟု ဆိုသည်။

ဂလန်မာရီရှိ ကုမ္မဏီ တခုတွင် အလုပ် လုပ်နေသည့် ယင်းတို့ ဇနီးမောင်နှံက ရဲကို တိုင်ကြားခဲ့ပြီး နောက် ရဲများ၏ စုံစမ်းမှုအရ ၎င်းတို့၏ အိမ်ဖော် ဆူပါရီသည် နေ့လည် ပိုင်းကပင် သမီးငယ် ဆီတီနာဒီယာနာကို လက်ဆွဲကာ အပြင်ထွက် သွားသည်ကို အိမ်နီးချင်းများက တွေ့မြင်ခဲ့ကြ ရကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့သည်။

ဘူကစ် ဂျလူတောင်း မလေးရှား ရဲအဖွဲ့က ယခုကိစ္စကို ပြန်ပေးမှုဟု သံသယရှိနေပြီး အိမ်ဖော် ဆူပါရီနှင့် ကလေးငယ် နျူဒီယန်းနား တို့၏ သတင်းကို ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။ အိမ်ဖော် ဆူပါရီ မှာ တရားမဝင် နေထိုင်သော အင်ဒိုနီးရှား အလုပ်သမ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here