အန္တာတိက ဒေသတွင် ပိတ်မိနေသည့် ရုရှား ခရီးသွားသင်္ဘော လွတ်မြောက်လာ

alt

အန္တာတိက ဒေသတွင် ရေခဲများကြား ပိတ်မိနေသည့် ရုရှားပိုင် ခရီးသွား သင်္ဘောမှာ ယခုအခါ ကိုယ်စွမ်း ကိုယ်စဖြင့် ရုန်းကန်ရင်း လွတ်မြောက် လာပြီဟု သင်္ဘောပိုင်ရှင် များက အတည်ပြု ပြောကြားခဲ့သည်။

နိုဝင်ဘာ (၁၉)ရက် နေ့က ရေခဲခွဲ သင်္ဘော ကပ္ပတိန် ခါလက်နီကော့သည် သင်္ဘော၏ ကိုယ်ထည်ကို ပိတ်ဆို့ ထားသည့် ထူထဲသော ရေခဲများကို ခွဲဖျက် နိုင်ခဲ့သည်။ သင်္ဘောပေါ်တွင် ကမာ္ဘလှည့် ခရီးသည်များ၊ သတင်းထောက်များ၊ သိပ္ပံပညာရှင်များ အပါအဝင် လူ(၁၀၀)ကျော် လေ့လာရေး အဖြစ်လိုက်ပါ လာခဲ့သည်။

၀ါဒယ် ပင်လယ်အတွင်း ရေခဲများကြား ပိတ်မိနေရာမှ ပြန်လည် လွတ်မြောက်လာပြီး နောက် သင်္ဘောသည် အာဂျင်တီးနား နိုင်ငံ၊ အာရှူအီအာ သို့ ဦးတည် ခုတ်မောင်းနေကြောင်း သင်္ဘောကို ပိုင်ဆိုင်သည် Fareastern ရေကြောင်းလိုင်းက ပြောကြားခဲ့သည်။

ရေကြောင်းလိုင်း ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် တက်ယာနာ ကူလီကိုဗာက နိုဝင်ဘာ (၁၉)ရက် နေ့တွင် သင်္ဘောသည် ရေခဲများ ပိတ်ဖုံး နေသည့်နေရာမှ ကိုက်(၁၀၀) အကွာရှိ ရေပြင်သို့ ပထမဆုံးအကြိမ် တိုးထွက် လိုက်နိုင်ကြောင်း အတည်ပြုခဲ့သည်။ ယခုအခါ သင်္ဘော ကပ္ပတိန်နှင့် သင်္ဘောသား များသည် သင်္ဘော အရှေ့ဘက်ရှိ ရေခဲများ အနည်းငယ် သိပ်သည်းမှု လျော့နည်းမည့် အချိန်ကိုစောင့်ကာ သင်္ဘောကို ခုတ်မောင်းနေကြောင်း သိရှိရသည်။

ယခု သင်္ဘောသည် အန္တာတိကရှိ ပင်ဂွင်းငှက်များ၏ နေထိုင် ကျက်စားမှုကို သဘာဝအတိုင်း တွေ့မြင်ခွင့် ရမည်ဟူသော ကြော်ငြာမှုဖြင့် ကမာ္ဘလှည့် ခရီးသွားများအား ဆွဲဆောင်ကာ လေ့လာရေး ခရီး ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here