Skype ရောင်းချမှု အပြီးသတ် နိုင်ပြီဟု အတည်ပြု ကြေညာ

alt

EBay က ၎င်းတို့ ပိုင်ဆိုင်သည့် Skype အား ဒေါ်လာ (၂)ဘီလျံဖြင့် ရောင်းချ မှုမှာ အပြီးသတ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ လိုက်သည်။

နာမည်ကျော် အင်တာနက် ဖုန်း ခေါ်ဆိုရေး ၀န်ဆောင်မှု အပါအဝင် Skype နှင့် ပတ်သက်သော မူပိုင်ခွင့် ကိစ္စ အဝဝကို ကနေဒါ စီးပွားရေး လုပ်ငန်းတခုသို့ အပြီးသတ် လွှဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း EBay တီထောင် သူ နစ်ကလက် ဇန်းစထရောင်းနှင့် ဂျူးနက်ဖရစ်တို့က အတည်ပြုခဲ့သည်။

Skype ၏ ရှယ်ရာ (၇၀) ရာခိုင်နှုန်းကို ရောင်းချ လိုက်သော်လည်း ကျန်ရှယ်ယာ (၃၀) ရာခိုင်နှုန်းကိုမူ EBay အနေနှင့် ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

EBay သည် Skype အတွက် ဒေါ်လာ (၁.၉) ဘီလျံကို နိုဝင်ဘာ (၁၉)ရက် နေ့က လွှဲပြောင်း လက်ခံခဲ့ပြီး ကျန်ဒေါ်လာ (၁၂၅)သန်းကို ရက်ပိုင်းအတွင်း ရရှိမည် ဖြစ်သည်။

Skype ၏ ရှယ်ယာများကို ကနေဒါရှိ Silver Lake လုပ်ငန်းစုက ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင်များက ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ Silver Lake သည် အဖွဲ့လိုက် ၀ယ်ယူသော ရှယ်ယာ (၇၀) ရာခိုင်နှုန်းအနက် (၅၆) ရာခိုင်နှုန်းကို ရရှိသွားသည်။ Skype အား ရောင်းချ လိုက်ခြင်းဖြင့် EBay ၏ လက်တလော တင်ရှိနေသော အကြွေးဒေါ်လာ သန်း(၅၀) ပြဿနာမှာ ပြေလည် သွားပြီဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here