ဝန်ကြီးချုပ်ကို သတ်ဖြတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် တပ်မတော် အရာရှိများ၏ အယူခံ ပယ်ချခံရ

alt

နိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲ ခံထားရသည့် တပ်မတော် အရာရှိဟောင်း (၅)ဦး၏ အယူခံကို ဘင်္ဂလားဒေ့ရှ် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်(၃၀)ကျော်က ၀န်ကြီးချုပ် ရှိတ် မူဂျီ ဘာရာမန် အား လုပ်ကြံခဲ့သည်ဟု စွပ်စွဲ ခံထားရသည့် စစ်သားဟောင်း များသည် ယခုအခါ သေဒဏ် ကျခံရရန် နီးစပ်နေကြောင်း သိရှိရသည်။

ယင်းတို့သည် (၁၉၉၆) ခုနှစ်က ရာမန်၏သမီး ရှိတ်ဟာဆီနာ သမ္မတ ဖြစ်လာစဉ်က စတင်စွဲချက် တင်ခံရသော်လည်း (၂၀၀၁) ခုနှစ်တွင် ဟာဆီနာ၏ အတိုက်အခံ ပြိုင်ဘက် ဘူဂမ် ခါလီဒါဇီယာ အာဏာ ရလာချိန်တွင် အမှုကို ဆိုင်းငံ့ထားပြီး ယခုမှ တကျော့ြ့ပန် စစ်ဆေးနေခြင်း ဖြစ်သည်။

ယခုအခါ စစ်သားဟောင်း အားလုံးကို ဒက္ကာ ဗဟို အကျဉ်းထောင်ကြီး အတွင်း ချုပ်နှောင်ထားဆဲ ဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း ရာမန်သည် ဘင်္ဂလားဒေ့ရှ်ကို ပါကစ္စတန် လက်အောက်မှ လွတ်လပ်ရေး ရရှိရန် ဦးဆောင်ခဲ့သူ ဖြစ်ပြီး (၁၉၇၅)ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့က စစ်တပ်၏ စီးနင်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည်။

ထိုစဉ်က ဟာဆီနာ နှင့် ညီမငယ် တို့သည် ဥရောပသို့ ရောက်ရှိနေသဖြင့် စီးနင်း တိုက်ခိုက်မှုအတွင်း အသက် ဆုံးရှုံးမည့်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ ရာမန်အား သတ်ဖြတ်မှု အတွက် စစ်သားဟောင်း (၁၅)ဦးကို စွဲချက် တင်ခဲ့သော်လည်း တရားရုံးက (၃)ဦးတွင် အပြစ်မရှိဟု ဆုံးဖြတ်ကာ (၁၉၉၈) ခုနှစ်တွင် လွှတ်ပေးခဲ့သည်။

ကျန်(၁၂)ဦး အနက် (၆)ဦးသည် ထွက်ပြေး လွတ်မြောက်သွားပြီး သတင်း အစအန ပျောက်ကွယ် နေဆဲဖြစ်ကာ (၁)ဦး မှာမူ ပြည်ပတွင် သေဆုံး သွားသဖြင့် ယခု(၅)ဦး ကိုသာ စွဲချက်တင်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here