ဆာဂျီယိုအာဂူရို အား ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ချဲလ်ဆီးအသင်းမှ ခေါ်ယူနိုင်ဖွယ်ရှိ

alt

ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်ဖြင့် ဆာဂျီယို အာဂူရိုအား ချဲလ်ဆီးက ခေါ်ယူရန် နီးစပ်နေကြောင်း အင်္ဂလန် သတင်းများက ဖော်ပြ ခဲ့ကြသည်။

ချဲလ်ဆီး သည် အာဂျင်တီးနား လက်ရွေးစင် လူငယ် တိုက်စစ်မှူးအား ပေါင် (၃၁)သန်းဖြင့် ကမ်းလှမ်း ခဲ့သော်လည်း စပိန်ကလပ် အက်သ လက်တီကို မက်ဒရစ်က ပယ်ချ ခဲ့သောကြောင့် စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင်သန်း (၅၀)ဖြင့် ထပ်မံ ကမ်းလှမ်း လာဖွယ် ရှိနေသည်။

ထို့အပြင် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အီမန်နျူရယ် အဒီဘာယော ရနေသည့် တပါတ်လုပ်ခ ပေါင် (၁၇၀၀၀၀)ထက် ပိုများသော ငွေကြေး ပမာဏကိုလည်း အာဂူရို အနေနှင့် ခံစားရဖွယ် ရှိနေသည်။

ချဲလ်ဆီးသည် ပြင်သစ်ကလပ် လန်းစ်အသင်းမှ အသက် (၁၅)နှစ် အရွယ် လူငယ်လေး ဂေးကာကူတာ ကို မသမာသော နည်းလမ်းဖြင့် ခေါ်ယူ ခဲ့ခြင်းကြောင့် ကစားသမား ခေါ်ယူခွင့် (၂)နှစ် ပိတ်ပင် ခံထားရသည်။

သို့သော်လည်း ယင်းပြစ်ဒဏ်ကို ဇန်နဝါရီလ အပြောင်းအရွှေ့ နောက်ပိုင်းမှ ကျခံရဖွယ်ရှိရာ ယခု အပြောင်းအရွှေ့ ကာလအတွင်း ကစားသမား ကောင်းများ ခေါ်ယူရန် ပြင်ဆင် နေသည်။ ချဲလ်ဆီး နည်းပြ ကာလို့စ် အန်ဆယ်လော့တီ သည် အသင်း၏ တိုက်စစ်တွင် ဒီဒီယာ ဒရော့ဘာနှင့် အာဂူရိုတို့ကို တွဲဖက်ပေးရန် ဆန္ဒရှိနေရာ ပြင်သစ် တိုက်စစ်မှူး နီကိုလက် အဲလ်နယ်ကာ သည် အရံခုံသို့ ရောက်ရှိသွားဖွယ် ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here