မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတို့တွင် လူ့အခွင့်အရေး ဆုံးရှုံးမှုများရှိဟု ကုလသမဂ္ဂ ဝေဖန်ရှုတ်ချ

alt

ကုလသမဂ္ဂ အဖွဲ့ကြီး၏ အထူး ကော်မတီ က မြန်မာနိုင်ငံ နှင့် မြောက် ကိုရီးယား နိုင်ငံများအတွင်း လူ့ အခွင့်အရေး ဆုံးရှုံးမှုများ အပေါ် ထောက်ပြ ဝေဖန်ရှုတ်ချ လိုက်သည်။

၁၉၂ နိုင်ငံ တက်ရောက်သည့် အထွေထွေ ညီလာခံ၏ တတိယ ပါတီသည် မြောက်ကိုရီးယား နှင့် မပူးပေါင်းရေး အဆိုကို မဲခွဲခဲ့ရာ (၉၇)မဲ၊ (၁၉)မဲဖြင့် အတည်ပြုနိုင်ခဲ့ပြီး (၆၅)မဲ ကမူ ကြားနေခဲ့သည်။

ယင်း ကဲ့သို့ပင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မဲခွဲခဲ့ရာတွင်လည်း (၉၂)မဲ၊ (၂၇)မဲဖြင့် အတည်ပြု နိုင်ခဲ့ကာ (၆၅)နိုင်ငံက မဲ မပေးခဲ့ချေ။ ကုလသမဂ္ဂက မြောက်ကိုရီးယား နှင့် ပတ်သက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ကဏ္ဍတိုင်းအတွက် ကန့်သတ် ချုပ်ခြယ်မှုများ ရှိနေရာ စိုးရိမ်စရာ ကောင်းကြောင်း ဖော်ပြထားသည်။

မြောက်ကိုရီးယား တွင် လူအခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရပြီး မညီမျှမှုများ၊ မတရား ဖမ်းဆီးမှုများ အလွန် များပြားနေကြောင်း ကော်မတီက ပြောဆိုသွားခဲ့သည်။ မြောက်ကိုရီးယား၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ သံအမတ်ကြီး ပက်တော့ဟန်း ကမူ ယခု အဆိုပြုချက်သည် မြောက်ကိုရီးယား၏ နိုင်ငံရေး ပြိုင်ဘက်များက ပူးပေါင်း အကောက်ကြံခြင်းဟု တုန့်ပြန် ကန့်ကွက် သွားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် သန်းဆွေ ကလည်း ယခုကိစ္စသည် မြန်မာနိုင်ငံအား အပုပ်ချခြင်းသာ ဖြစ်ပြီး အစိုးရသည် နိုင်ငံသားများ၏ လူ့ အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို တန်ဖိုးထား လေးစားကြောင်း ခုခံပြောကြား သွားခဲ့သည်။

ယခု ကိစ္စသည် မြန်မာနိုင်ငံအား ပိတ်ဆို့မှုများနှင့် တင်းမာမှုများ မြင့်တက်လာအောင် ဖိအားပေးခြင်းသာ ဖြစ်ကြောင်း သန်းဆွေ က ဆိုသည်။ တတိယ ကော်မတီသည် မြန်မာနှင့် မြောက်ကိုရီးယား အရေး ဆွေးနွေးပြီး နိုဝင်ဘာ (၂၀)ရက် နေ့တွင် အီရန် ပြဿနာကိုပါ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here