အာဖဂန်နစ္စတန်တွင် ဆိုင်ကယ်ဖြင့် အသေခံဗုံးခွဲ

alt

မော်တော်ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက် သမားတဦးက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် အနောက်ပိုင်းတွင် အနည်းဆုံး လူ(၁၃)ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

သေဆုံး သူများအနက် ရဲအရာရှိ တဦး ပါ၀င်ပြီး နောက်ထပ် (၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဖာရာမြို့တွင် နိုဝင်ဘာ (၂၀)ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးခွဲမှုကြောင့် ဒဏ်ရာရသူများအနက် ကလေးများ ပါ၀င်ကြောင်း ဖာရာ ဆေးရုံမှ ဆရာဝန်များက ဆိုသည်။

အာဖဂန် ရဲအရာရှိသည် ဗုံးသမားက ၎င်း၏ စနက်တံကို ဆွဲ မဖြုတ်မီတွင် “ရပ်၊ ရပ်”ဟု သွေးရူးသွေးတန်း တားဆီးရန် ကြိုးစားခဲ့သေးကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ယခု ကိစ္စသည် တာလီဘန် အကြမ်းဖက် သမားများ၏ လက်ချက်ဟု ယူဆရပြီး ၎င်းတို့သည် နိုင်ငံခြား တပ်ဖွဲ့များ၊ အာဖဂန် ရဲများအပြင် အပြစ်မဲ့ ပြည်သူများကိုပါ ဦးတည် တိုက်ခိုက်လာကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး ရိုဟူအာမင် က ဆိုသည်။

ဗုံးပေါက်ကွဲသော နေရာသည် အာမင်၏ ရုံးခန်းမှ (၅၅)ကိုက်သာ ဝေးကြောင်း သိရသည်။ ယခုဗုံးခွဲမှုသည် သမ္မတ ဟာမစ်ကာဇိုင်းက ၎င်း၏ဒုတိယ ရွေးကောက်ခံ သက်တမ်းအတွင်း အကြမ်းဖက်မှု နှိမ်နင်းရေးကို ပိုမိုအားစိုက် သွားမည်ဟု အတည်ပြု ပြောကြားပြီး နောက်တရက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုနေ့ကပင် ခို့(စ်) အရပ်အနီး လမ်းဘေး ဗုံးတလုံး ပေါက်ကွဲခဲ့ရာ အာဖဂန် ပြည်သူ(၃)ဦး ဒဏ်ရာများ ရရှိ သွားကြောင်းလည်း ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here