ကာရစ်ဘီယံ ပင်လယ်ဓားပြ ဇာတ်ကားတွင် ဂျွန်နီဒိ(ပ်) ဆက်လက် သရုပ်ဆောင်ဦးမည်

alt

ဟောလီးဝုဒ် မင်းသား ဂျွန်နီဒိ(ပ်) နှင့် ဒစ္စနေ မှ ထုတ်လုပ်သူများ Pirates of Caribbean ဇာတ်ကား စတုတ္ထပိုင်း အတွက် သဘောတူ လက်မှတ် ရေးထိုး လိုက်ပြီဟု ယနေ့ထုတ် ဟောလီးဝုဒ် သတင်းများတွင် ဖော်ပြထားသည်။

ကပ္ပတိန် ဂျက်စပဲရိုး အဖြစ် ပရိသတ်ကြား အလွန် အောင်မြင်ခဲ့သော ဒိ(ပ်)အတွက် ယခု စာချုပ်အရ ပေါင်စတာလင် (၂၁)သန်း ထပ်မံ ရရှိမည် ဖြစ်ပြီး Pirates of Caribbean ဇာတ်ကားများမှ ၎င်း ရရှိထားသော စုစုပေါင်း ငွေပမာဏသည် ပေါင်စတာလင် သန်း(၅၀)ကျော် သွားပြီ ဖြစ်သည်။

ယခု ဇာတ်ကားသစ်တွင် ယခင် အပိုင်းများမှ အော်လန်ဒိုဘလွမ်း နှင့် မင်းသမီး ကီရာနိုက်တလီ တို့ ဆက်လက် ပါ၀င်တော့မည် မဟုတ်ပေ။ အဓိက မင်းသမီး အဖြစ် ပင်နီလုပ်ခရုစ် က ရေပန်းစား နေသော်လည်း ဒစ္စနေက အတည်မပြု သေးချေ။

Pirates of Caribbean ဇာတ်ကား စတုတ္ထပိုင်းသည် ပင်လယ် ဓားပြကြီး စပဲရိုး၏ နောက်ကြောင်းကို တင်ဆက် ရိုက်ကူးသွားမည် ဖြစ်သည်။ ဒိ(ပ်)သည် ကနဦး ပေါင်(၂၁)သန်းကို ရရှိထားသည့် အပြင် ဇာတ်ကား၏ အောင်မြင်မှု အလိုက်လည်း နောက်ထပ် ငွေကြေးများ ထပ်မံ ရရှိဦးမည် ဖြစ်ရာ ယခုအခါတွင် ဟောလီးဝုဒ်၏ အအောင်မြင်ဆုံး၊ ၀င်ငွေ အကောင်းဆုံး မင်းသားတလက် ဖြစ်လာခဲ့ရသည်။

၎င်းသည် People မဂ္ဂဇင်း၏ သက်ရှိထင်ရှား ဆွဲဆောင်အား အကောင်းဆုံး အမျိုးသား အဖြစ်လည်း လောလောလတ်လတ် ရွေးချယ် ခံထားရသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here