အင်တာနက်မှ Sex Party ဖိတ်ခေါ် ဆင်နွှဲသူ အဖမ်းခံရ

alt

မလေးရှား နိုင်ငံသား တဦးသည် အင်တာနက်ကို အသုံးပြုကာ ကောလိပ် ကျောင်းသူ၊ ကျောင်းသား (၆)ဦးကို သွေးဆောင်ပြီး အပေါင်းအသင်း များ နှင့်အတူ Sex Party တခု ဆင်နွှဲနေစဉ် အဖမ်းအဆီး ခံလိုက်ရကြောင်း

ယမန်နေ့ထုတ် မလေးရှား သတင်းစာ များတွင် ဖေါ်ပြထားသည်ကို သိရှိ ရသည်။

မလေးရှား ရဲများက ဖော်ထုတ်မှုအရ ဘန်တောင်းအိမ်ယာ စခန်း ပါဟန်းတွင် နေထိုင်သည့် ယင်း အမျိုးသားသည် ယမန်နှစ် အတွင်းက ကွာလာလမ်ပူ၊ မာလာက၊ နီဂရီဆမ်ဘီလန် နှင့် ဆီလန်ဂေါ် တို့တွင်လည်း အလားတူ Sex Party များ ပြုလုပ်ဖူးသည်ကို ထပ်မံ ဖော်ထုတ် တွေ့ရှိခဲ့ရသည်။

၎င်းအား ဘန်တောင်းရှိ အိမ်ယာတခုတွင် အသက်(၂၀) နှင့် (၂၂)နှစ်ကြား အခြား(၅)ဦး နှင့်အတူ ယခု သီတင်းပါတ်အတွင်း ရဲများက အင်တာနက်တွင် ခြေရာခံမိရာမှ နံနက်စောစော ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် သူငယ်ချင်းများ ဖြစ်ကြပြီး အသက်(၁၉)နှစ်သာ ရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား အရက်တိုက်ပြီး Sex Party ဆင်နွှဲစေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုအိမ်ရှိ စုံတွဲ(၃)တွဲကို သွေးစစ် စမ်းသပ်မှုအရ အရက် အလွန်အကျွံ သောက်ထားရုံမက ကေဟု ခေါ်သော Ketmine ဆေးဝါးများ သုံးစွဲ ထားသည်ကိုပါ ဖော်ထုတ် တွေ့ရှိခဲ့ရသည်။

ထို့အပြင် အခန်းအတွင်း တရားမဝင် ခိုးကူးထားသော ကာလပေါက်ဈေး ရူပီး(၃၀၀၀၀)ကျော်တန် DVD (၄၀၀၀)ကျော် ကိုလည်း ရဲများက သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here