အမျိုးသားများ အတွက် ပန်းသေ၊ ပန်းညှိုး စိုးရိမ်စရာ မလိုတော့

alt

ဓာတ်ခွဲခန်းတွင် သုတေသန ပြုလုပ် ဖော်ထုတ်ထားသည့် ဖိုအင်္ဂါ တစ်သျှူး များကို ယုန်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်စွာ အလုပ် လုပ်သည်ကို တွေ့ရှိခဲ့ရကြောင်း အမေရိကန်

သိပ္ပံပညာရှင် များက ပြောကြား လိုက်ပြီ ဖြစ်သည်။

မြောက် ကာရိုလိုင်းနား ၀ိတ်ဖောရက် တက္ကသိုလ်မှ ပညာရှင်များ၏ စမ်းသပ် အောင်မြင်မှုသည် ပန်းသေ၊ ပန်းညှိုး ဝေဒနာကို ခံစားနေရသူ အမျိုးသားများ အတွက် သတင်းကောင်း တခု ဖြစ်လာ ခဲ့ရသည်။

ပညာရှင်များက ယခု စမ်းသပ်ချက်ကို လူသားများတွင် အသုံးချနိုင်ရန် သုတေသန လုပ်ငန်း အဆင့်ဆင့် လိုအပ် နေသေးသော်လည်း ရလဒ်အတွက် ကျေနပ်ကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ယခင်က ယင်းသို့သော လိင် တစ်သျှူးများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ဖူးသော်လည်း လုပ်ငန်းပိုင်း ဆိုင်ရာနှင့် ဖွဲ့စည်း တည်ဆောက်ပုံ ရှုပ်ထွေးလှသဖြင့် အောင်မြင်မှု ပြည့်ပြည့်ဝဝ မရရှိခဲ့ပေ။ ယခု အခါတွင်မူ ပန်းသေ၊ ပန်းညှိုး၊ မျိုး မအောင်ခြင်း၊ ဖိုအင်္ဂါ ကင်ဆာရောဂါ စသည့် အခြေအနေများ ကြံုနေရသည့် လူနာများအတွက် အကောင်းဆုံး မျှော်လင့်ခွင့် ရရှိလာပြီ ဖြစ်သည်။

စမ်းသပ် တစ်သျှူးများ ထည့်သွင်းထားသည့် ယုန်များသည် လိင် ဆက်ဆံခြင်း၊ သားသမီး ဖွားမြင်နိုင်ခြင်း စသည့် အခြေအနေများ အားလုံး ကောင်းမွန်နေကြောင်း ၀ိတ်ဖောရက် တက္ကသိုလ်မှ သုတေသီများက ဆိုသည်။ ၎င်းတို့သည် ယခင်ကလည်း လူ့ ဆီးအိမ်အတွက် အစားထိုး တစ်သျှူးများကို ဓာတ်ခွဲခန်းအတွင်း အောင်မြင်စွာ ဖော်ထုတ် နိုင်ခဲ့ကြသေးကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here