မြန်မာနှင့် အာဆီယံနိုင်ငံများ သစ်တော ထွက်ကုန်ကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်

alt

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် စိုက်ပျိုးရေး၊ သစ်တော ထွက်ကုန် ကဏ္ဍများတွင် ယခုထက် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင် နေကြောင်း သိရှိရသည်။

အာဆီယံ၏ (၃၁) ကြိမ်မြောက် စိုက်ပျိုးရေး နှင့် သစ်တောဌာန ၀န်ကြီး များ အစည်းအဝေးက ဒေသ တွင်း (၁၀)နိုင်ငံ အစိုးရ များသည် ယင်း ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက် လုပ်ကိုင် သွားကြရန် ဆုံးဖြတ် ခဲ့ကြသည်။

ထို့အပြင် စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများတွင် လူသား အရင်းအမြစ် အလုပ်အကိုင် နေရာများ တိုးတက် ရရှိလာရန်လည်း ၀န်ကြီးအဆင့် တိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည်။

ယခု ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲလာမှုကြောင့် စားနပ်ရိက္ခာ လုံလောက်မှုအပေါ် သက်ရောက် လာနိုင်ခြင်းအပေါ် အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက် များအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် မြန်မာ အပါအဝင် အာဆီယံ နိုင်ငံ အချို့တွင် စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍအတွက် ခေတ်မှီ နည်းပညာများ၊ လေ့ကျင့်ခန်း သင်ရိုးများနှင့် သုတေသန လုပ်ငန်းစဉ်များ အားနည်းနေခြင်း ကိုလည်း အာရုံစိုက် ဆွေးနွေးခဲ့ကြသည်။ မြန်မာ နိုင်ငံသည် လာမည့် သီတင်းပါတ်အတွင်း ရန်ကုန်မြို့တွင် အာဆီယံ လယ်သမားများ သီတင်းပါတ် အစည်းအဝေးကို လက်ခံကျင်းပပြီး ဒေသတွင်း နိုင်ငံများမှ လယ်သမားများနှင့် အတွေ့အကြံု နှီးနှော ဖလှယ်မှုများ ပြုလုပ်ရန် ပြင်ဆင်ထားသည်။

ယင်း အစည်းအဝေးသို့ အာဆီယံ ဒေသများမှ လယ်ယာ လုပ်ငန်းရှင် ဒါဇင်များစွာ တက်ရောက်မည် ဖြစ်ပြီး နိုဝင်ဘာ (၂၃)ရက် နေ့မှ (၂၇)ရက် နေ့အထိ (၅)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here