အာဂျင်တီးနား တိုက်စစ်မှူးလေး အိန်ဂျယ် ဒီ မာရီယာ က မန်ယူကို ပြောင်းရွှေ့လို ဟုဆို

alt

မန်ချက်စတာ စီးတီးမှ စိတ်ဝင်တစား ကမ်းလှမ်းမှုကို ခံထားရသော်လည်း အိန်ဂျယ် ဒီ မာရီယာ က မိမိ ပြောင်းရွှေ့ လိုသော အသင်းမှာ စီးတီး၏ အခါးသီး ဆုံး မြို့ခံပြိုင်ဘက် အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်

သို့သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

အသက် (၂၁)နှစ်ရှိ ဒီမာရီယာ ကို စီးတီးက ပေါင်(၃၆)သန်းဖြင့် ၀ယ်ယူရန် ဘင်ဖီကာ ကလပ်အသင်းသို့ ကမ်းလှမ်း ထားသော်လည်း ကာယကံရှင် ကိုယ်တိုင် ကမူ ယူနိုက်တက် ကိုသာ စိတ်ဝင်စား နေသည်။

မိမိအသက် (၁၃)နှစ် ကတည်းက အမေအား တနေ့ နေ့တွင် ယူနိုက်တက် အတွက် ကစားလိုကြောင်း ပြောကြား ခဲ့ဖူးသည်ဟု ဒီမာရီယာ ကဆိုသည်။ ၎င်း၏ အကြီးဆုံး မျှော်လင့်ချက်မှာ ၀ိန်းရူနီ နှင့် တွဲ ကစားရေးပင် ဖြစ်သည်ဟု ပါရမီရှင် အာဂျင်တီးနား တိုက်စစ်မှူးလေးက ၀န်ခံခဲ့သည်။

စီးတီးတွင် ရှိသော ကားလို့တီဗက်စ် နှင့်လည်း နိုင်ငံတူ ကစားသမားချင်း တွဲကစား လိုသည့်တိုင် ယူနိုက်တက် ကသာ မိမိအပေါ် လွှမ်းမိုးနေကြောင်း ဒီမာရီယာ က ဆိုသည်။ ဒီမာရီယာက ယခုလို ပြောဆိုခြင်းကြောင့် နာနီအား ရောင်းထုတ်ရန် စီစဉ်နေသည့် ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန် အတွက် ကျေနပ်စရာ ဖြစ်ခဲ့ရသည်။

ဒီမာရီယာသည် အင်္ဂလန် ဘောလုံး လောကသို့ (၂၀၀၇)ခုနှစ် ကတည်းက ရောက်ရှိရန် အခွင့်ကြံု ခဲ့သေးသော်လည်း ထိုစဉ်က အာဆင်နယ်၏ ဈေးဆစ် လွန်းခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပေ။ ဘင်ဖီကာ က မိမိတို့၏ အမြုတေ ကစားသမားလေးအား ဈေးပေါပေါဖြင့် မရောင်းနိုင်ကြောင်း ယတိပြတ် ပြောဆိုထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here