ကမာ္ဘ့ စီးပွားပျက်ကပ် စူပါကြော်ငြာ မော်ဒယ်များ ၀င်ငွေထိခိုက်

alt

ကမာ္ဘ့စီးပွား ပျက်ကပ်နှင့်အတူ စီးပွားရေး လုပ်ငန်းကြီးများ ပြိုလဲလျှက်ရှိရာ ၎င်းတို့ကို ကြော်ငြာဝန်ဆောင်မှု ပြုလုပ်ပေးသည့် စူပါမော်ဒယ် များသည် လည်း ၀င်ငွေ ထိခိုက်မှုများ ရှိနေပြီ ဖြစ်သည်။

Daily Beast သတင်းဌာနက ကမာ္ဘ့ စီးပွားပျက်ကပ် ရိုက်ခတ် နေချိန်မှာပင် အပြံုးမပျက် ၀င်ငွေကောင်း နေသော ဆူပါမော်ဒယ်များ၏ စာရင်းကို ရှာရှာဖွေဖွေ တင်ပြခဲ့ရာ  စူပါ မော်ဒယ်များ၏ လက်ရှိ လုပ်ကိုင်နေသော လုပ်ငန်း အခြေအနေ၊ မဂ္ဂဇင်း ဂျာနယ်များတွင် မျက်နှာဖုံးတင် ဖော်ပြခံရမှု၊ စာချုပ်ထားသည့် လုပ်ငန်းများ၏ တောင့်တင်း ခိုင်မာမှုစသည့် အခြေအနေ အလိုက် သုံးသပ်ကာ ၀င်ငွေအကောင်းဆုံး ထိပ်တန်း (၁၀)ဦး စာရင်းကို ပြုစုခဲ့သည်။

ယင်း စာရင်းတွင် နယူးယောက် အခြေစိုက် ဘရာဇီးလီးယန်း ဆူပါမော်ဒယ် ဂစ်စလာဘူချန် က ထိပ်ဆုံးမှ ဦးဆောင် နေခဲ့သည်၊ သူမသည် Max Factor ၊ Dior နှင့် Versace စသော လုပ်ငန်းများကို ကိုယ်စားပြုထားပြီး ယခုနှစ်အတွက် မော်ဒယ်လုပ်ငန်းမှ ဒေါ်လာ(၂၅)သန်းမျှ ရရှိထားသည်ဟု ခန့်မှန်းရသည်။

ဒုတိယ နေရာတွင်မူ အသက်(၃၅)နှစ် ရှိနေပြီဖြစ်သည့် ဗြိတိသျှ ဆူပါမော်ဒယ် ကိတ်မော့စ်က ခန့်မှန်းဝင်ငွေ (၈.၅)သန်းဖြင့် ရပ်တည်နေသည်။ တတိယ နေရာတွင်မူ ဘရာဇီးသူ အက်ဒီရီယန် လီမားက ပေါင်(၈)သန်း ၀န်းကျင်ဖြင့် တည်ရှိနေသည်။ ဒေါက်ဇန်ခရိုး က ဒေါ်လာ(၆)သန်းဖြင့် စတုတ္ထ၊ ဒါရီယာ ၀ါဘိုရီ က ဒေါ်လာ(၄)သန်းဖြင့် ပဥ္စမ ရရှိပြီး ထိပ်ဆုံး(၅)ဦး စာရင်းဝင်ခဲ့သည်။

Pirates of Caribbean ဇာတ်ကားမှ မင်းသား အော်လန်ဒိုဘလွမ်း နှင့် ချစ်သူဖြစ်ပြီးနောက် ကမာ္ဘ့ မီဒီယာများ၏ အာရုံ အစိုက်ခံရဆုံး ဆူပါမော်ဒယ်တဦး ဖြစ်လာသည့် ဩစတြေးလျသူ မီရန်ဒါကား မှာမူ နဝမ နေရာတွင်သာ ရှိနေကြောင်း နားယောက် ဖက်ရှင်လောကမှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here