ကမာ္ဘ့ အသေးကွေးဆုံး မိခင် တတိယမြောက် ကလေး အောင်မြင်စွာ မွေးဖွားနိုင်မည် မျှော်လင့်

alt

ဆရာဝန်များက စိုးရိမ် နေသော်လည်း သူမ၏ ပထမဆုံး သားငယ်ကို အောင်မြင်စွာ ဖွားမြင် နိုင်မည်ဟု ယုံကြည်ကြောင်း ကမာ္ဘ့ ခန္ဓာကိုယ် အသေးကွေးဆုံး မိခင်က ထုတ်ဖော် ပြောဆို လိုက်သည်။

စတက်စီ ဟာရယ် သည် အရပ် နှစ်ပေနှင့် လေးလက်မ သာမြင့်ပြီး ယခုအခါ တတိယမြောက် ကိုယ်ဝန်ကို ဆောင်နေခြင်း ဖြစ်သည်။ သူမသည် အသက် (၃၅)နှစ် ရှိပြီဖြစ်ပြီး အရပ် ငါးပေ ကိုးလက်မ ရှိသည့် ခင်ပွန်းသည် ၀ီလီနှင့် သမီးငယ်နှစ်ဦး ဖွားမြင်ပြီး ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ ကန်တက်ကီ ဒေသတွင် နေထိုင်သည့် စတက်စီသည် သမီးငယ်များနှင့် ဆော့ကစားချိန်တွင် အသက်(၂)နှစ်နှင့် (၄)နှစ်စီရှိသော သမီး(၂)ယောက်မှာ သူမထက် ခန္ဓာကိုယ် ကြီးမားနေပြီ ဖြစ်သည်။ သနားစရာ ကောင်းသော စတက်စီသည် အရိုးနှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ဆုတ်ယုတ်စေသည့် Osteogenesis Imperfecta အမည်ရှိ ရောဂါတမျိုးကို ခံစားနေရပြီး ခန္ဓာကိုယ် အလွန်သေးကွေး ကြံုလှီ နေရုံမျှမက သွားလာရာတွင်လည်း ဘီးတပ် ကုလားထိုင်ဖြင့်သာ လှုပ်ရှား ရွေ့လျားနိုင်သည်။

စတက်စီသည် ၀ီလီနှင့် (၂၀၀၀)ပြည့်နှစ် ကတည်းက စတင် တွေ့ဆုံခဲ့ပြီး (၄)နှစ်အကြာတွင် လက်ထပ်ခဲ့ကြသည်။ ၀ီလီသည် စတက်စီ ၏ဘဝကို စာနာကာ အရာရာကို ၎င်းကိုယ်တိုင် တာဝန်ယူပြီး လုပ်ကိုင် စောင့်ရှောက်ခဲ့သည်။ စတက်စီက သူမ၏ ခန္ဓာကိုယ် အနေအထားအရ ကိုယ်ဝန်ဆောင်ရန် အလွန် ခက်ခဲမည်ဟု ဆရာဝန်များက ခန့်မှန်းခဲ့ရာ အလွန် စိတ်ထိခိုက် ခဲ့ရကြောင်း ၀န်ခံခဲ့သည်။

သို့သော်လည်း သူမသည် အသက် အန္တရာယ် ကြီးမားနိုင်သည်ကို လျစ်လျူရှုကာ သမီးနှစ်ယောက်ကို မွေးဖွားခဲ့ပြီး ယခု ကိုယ်ဝန်မှာ သားငယ်လေးမှန်း သိရသည့်အတွက် အလွန် စိတ်လှုပ်ရှားနေကြောင်း ပြောပြသွားသည်။ ဆရာဝန်များက စတက်စီ၏ ကိုယ်ဝန်ကို ဒီဇင်ဘာ လဆန်းတွင် မွေးဖွားလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here