ဗီယက်နမ် ဟိုတယ်လုပ်ငန်း မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံမည်

alt

မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ဗီယက်နမ် ဟိုတယ် လုပ်ငန်းရှင် များသည် မြန်မာ့ဟိုတယ် လုပ်ငန်း ကဏ္ဍတွင် ပထမဆုံး အကြိမ် အဖြစ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် တော့မည် ဖြစ်ကြောင်း

နိုဝင်ဘာ (၁၈)ရက် နေ့က ပြောကြား လိုက်သည်။

ယင်း ဟိုတယ်သစ်ကို ရန်ကုန်မြို့တော်၊ ကမာ္ဘအေး ဘုရားလမ်းပေါ်ရှိ Sedona ဟိုတယ်အနီး ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး ဟိုတယ်သစ်နှင့် ပတ်သက်သော အခြား အသေးစိတ် အချက်အလက် များကိုမူ မသိရှိ ရသေးချေ။

မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ယခင် ကတည်းက ရှိခဲ့ပြီး ရန်ကုန်မြို့တွင် ထိုင်းမှလာရောက် ဆောက်လုပ်ထားသော ဟိုတယ် (၃)လုံး အပြင် စင်္ကာပူနှင့် တရုတ် တို့မှလည်း (၁)လုံးစီ ရှိသေးကြောင်း သိရှိရသည်။ ထို့အပြင် ဗီယက်နမ် လေကြောင်းလိုင်း တခုသည်လည်း ခရီးစဉ်သစ် အဖြစ် မြန်မာနိုင်ငံသို့ ဦးတည်ပြေးဆွဲရန် ရည်ရွယ် ထားကြောင်းလည်း သိရှိရသည်။

ဗီယက်နမ်သည် ၁၉၈၈ ခုနှစ်မှ ယခုနှစ် မေလအထိ ၂၁ နှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ (၂၃.၄)သန်းဖိုး အထိ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ခဲ့ဖူးသည်။ ဗီယက်နမ် သည် မြန်မာနိုင်ငံ၏ ပို့ကုန်များ လက်ခံ ၀ယ်ယူသည့် နိုင်ငံစာရင်းတွင် နံပါတ်(၁၆) နေရာမှ ရပ်တည်နေပြီး မြန်မာနိုင်ငံသို့ သွင်းကုန်များ တင်သွင်းသော နိုင်ငံများအနက် နံပါတ်(၁၁)တွင် တည်ရှိနေသည်။

လေ့လာမှု စစ်တမ်းများ အရ မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ယခုနှစ် ပထမ(၉)လ အတွင်း ဒေါ်လာသန်း (၆၀)ဖိုး အထိ ရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here