ပါကစ္စတန် နိုင်ငံတွင် တရားရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

alt

ပါကစ္စတန် နိုင်ငံ၊ ပရှာဝါမြို့ တရားရုံး အနီး ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၁၆)ဦး သေဆုံး သွားကြောင်း သိရှိရသည်။ ဆေးတပ်သား များက နိုင်ငံ၏ အနောက် မြောက်ပိုင်းရှိ တာလီဘန် တို့ မကြာခဏ တိုက်ခိုက်

မှုကို ခံရသည့် မြို့တော် ဗုံးကွဲမှုအတွင်း နောက်ထပ် လူ(၂၆)ဦး ဒဏ်ရာ ရခဲ့ကြောင်း အတည်ပြု ပြောဆို သွားခဲ့သည်။

နိုဝင်ဘာ (၁၉)ရက်နေ့ လူစည်ကား နေချိန်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုသည် ပရှာဝါတွင် ဆက်တိုက် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အနက် နောက်ဆုံး ဖြစ်ခဲ့သော ကိစ္စလည်း ဖြစ်သည်။ ပရှာဝါမြို့တော် အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ရှာဟီဘက်ဇာဒါ အာနီးက ယခု ဗုံးခွဲမှုသည် အသေခံ ဗုံးသမားတဦး၏ လက်ချက်ဖြစ်နိုင်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

ပါကစ္စတန် အစိုးရသည် ပြီးခဲ့သော လပိုင်းအတွင်း ဆက်တိုက် ဖြစ်ပွားခဲ့သမျှ ဗုံးခွဲမှုများကို တာလီဘန် တို့၏ လက်ချက်ဖြစ်ကြောင်း ပြစ်တင် ပြောကြားထားသည်။ ပါကစ္စတန် စစ်တပ်များသည် တောင်ပိုင်း ၀ါဇီရစ်စတန်ရှိ တာလီဘန် အခြေစိုက် စခန်းများကို ထိုးစစ်ဆင်နေစဉ် တဖက်မှလည်း တုန့်ပြန် ဗုံးခွဲမှုများ ပြုလုပ်ခဲ့ရာ ပရှာဝါမှာ အဆိုးဆုံး ခံရသည့်နေရာ ဖြစ်လာခဲ့ရသည်။

အာနီးက ရဲများသည် တရားရုံး အဝင်ဝတွင် မိမိခ န္ဓာကိုယ်ပေါ် တပ်ဆင်ထားသည့် ဖောက်ခွဲရေး ပစ္စည်းများကို စနက်တံ ဖြုတ်လိုက်သည့် ဗုံးသမား၏ ကိုယ်အင်္ဂါ အပိုင်းအစများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားလိုက်သည်။ နိုဝင်ဘာ (၁၃)ရက်နေ့ ကလည်း ပါကစ္စတန်၏ အဓိက ထောက်လှမ်းရေး ဌာနကို ဦးတည် တိုက်ခိုက်ခဲ့သည့် အသေခံ ဗုံးခွဲမှုကြောင့် လူ(၁၂)ဦး အနည်းဆုံး သေဆုံးပြီး (၄၀)ကျော် ဒဏ်ရာ ရရှိခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here