တာလီဘန်များ ဒုံးကျည်ဖြင့် ပစ်ခတ်မှု အာဖဂန် အရပ်သားများ သေဆုံး

alt

နိုဝင်ဘာ (၁၆)ရက် နေ့က အာဖဂန်နစ္စတန် နိုင်ငံတွင် တာလီဘန် စစ်သွေးကြွ အကြမ်းဖက် သမားများက ဒုံးကျည် နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား (၁၂)ဦး သေဆုံးပြီး (၃၈)ဦး ဒဏ်ရာများ ရရှိသွားကြောင်း

ဒေသဆိုင်ရာ ပြင်သစ်စစ်တပ်က ပြောကြားခဲ့သည်။

ကာပီဆာခရိုင်၊ တာဂပ်ဘ် အရပ်တွင် လူစည်ကားသော ဈေးနေရာ နှစ်ခုသို့ ဦးတည် ပစ်ခတ်ခဲ့သော ဒုံးကျည်များသည် ဒေသအခေါ် Shura အမည်ရှိ အစည်းအဝေးကို တုန့်ပြန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ယင်း ဒေသသည် ပြင်သစ်တပ်များ ၀င်ရောက် တပ်စွဲထားပြီး ကဘူးမြို့တော် အနောက် မြောက်ဘက်တွင် တည်ရှိသည်။ ပစ်ခတ်မှု မဖြစ်ပွားခင် တရက်အလိုက အာဖဂန် အရာရှိ (၄၀)ကျော်၊ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ၊ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ဘာသာရေး၊ လူမျိုးရေး ခေါင်းဆောင်များသည် တာလီဘန် တို့အား ထိုးစစ်ဆင်ရေး အတွက် Shura အစည်းအဝေး တခု ကျင်းပခဲ့သေးသည်။

ယခု လုပ်ရပ်သည် အာဖဂန် ပြည်သူများ၏ အသက်ကို တာလီဘန် တို့က လုံးဝ တန်ဖိုးမထားသည်ကို ပြသနေကြောင်း ၎င်းနှင့် ကိုက်(၂၀၀) အကွာတွင် ဒုံးကျည် ပေါက်ကွဲသော်လည်း ဒဏ်ရာမရခဲ့သည့် ပြင်သစ် မြို့စောင့်တပ်၊ ဒုတိယတပ်မှူး ဗိုလ်ချုပ်မာဆီယယ် ဒရူးအတ်က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံသည် တပ်သားအင်အား (၃၀၀၀)ကို အာဖဂန်သို့ ပေးပို့ထားပြီး ကဘူးမြောက်ပိုင်း ကာပီဆာနှင့် ဆူရိုဘီ ခရိုင်များတွင် အဓိက ဖြန့်ကျက် တပ်စွဲထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here